မိုးညှင်းမြို့နယ်တွင် EXPRESS ခရီးသည်တင်ယာဉ်ပေါ်မှ ငွေကျပ် ၁၃၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ
PUBLISHED - November 24, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် EXPRESS ခရီးသည်တင်ယာဉ်ပေါ်မှ ငွေကျပ် ၁၃၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ ဝင်းမင်းထွန်း မောင်းနှင်ပြီး အောင်ဇင်လတ်နှင့် သက်မင်းနိုင်တို့ လိုက်ပါလာသည့် PANDER EXPRESS အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေး ချိန် ၅.၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဝင်းမင်းထွန်း (၃၉)နှစ်၊ အောင်ဇင်လတ် (၂၄) နှစ်နှင့် သက်မင်းနိုင် (၃၆) နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia