• Follow Us on

Home မိုးညှင်းမြို့အတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားမှုကြောင့် PDF များ ဝင်ထွက်မှုများလာသည့်အပေါ် ဒေသခံများ စိုးရိမ်နေ

မိုးညှင်းမြို့အတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားမှုကြောင့် PDF များ ဝင်ထွက်မှုများလာသည့်အပေါ် ဒေသခံများ စိုးရိမ်နေ

Share this post

မိုးညှင်း၊ ဒီဇင်ဘာ ၆ (၂၀၂၃)

 

မိုးညှင်းမြို့ပေါ်အတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားမှုကြောင့် ဒုစရိုက်မှုများ ပေါများလာသည့်အပြင် PDF အဖွဲ့များ ဝင်ထွက်မှု များလာသည့်အပေါ် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

 

ကချင်ပြည်နယ်အတွင်း ခရိုင်ရုံးစိုက်ရာ မြို့ကြီးတစ်မြို့ဖြစ်သော မိုးညှင်းမြို့တွင် ယင်းကဲ့သို့ လောင်းကစားဝိုင်း များ ဖွင့်လှစ်ထားမှုကြောင့် ဝိသမလောဘသားများ၏ ဒုစရိုက်လုပ်ငန်းများဖြစ်သည့် ခိုးဆိုးလုနှိုက်မှုများ ပိုမိုများ ပြားလာကြောင်း မိုးညှင်းမြို့ အောင်သပြေရပ်ကွက်‌နေ ဒေသခံတစ်ဦးက ပြောပြသည်။

 

“လောင်းကစားဝိုင်းတွေ များလာတာနဲ့အမျှ ဒုစရိုက်မှုတွေလည်း များလာတယ်။ ရပ်ကွက်တွေထဲမှာဆိုရင် ခိုးဆိုးလုနှိုက်တွေ ပေါလာတယ်။ လူငယ်တွေအတွက်လည်း မကောင်းဘူး။ တရားဝင်လုပ်ငန်းတစ်ခုလို ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

 

၎င်းအပြင် လောာင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည့်အတွက် PDF အဖွဲ့များမှ ဆက်ကြေးကောက်ရန် မိုးညှင်းမြို့ပေါ်သို့ အဝင်အထွက်များလာသည့်အတွက်ကိုလည်း ဒေသခံများမှ စိုးရိမ်လျက်ရှိကြောင်း မိဘ ပြည်သူတစ်ဦးကလည်း ယခုကဲ့သို့ ပြောပြသည်။

 

“လောင်းကစားဝိုင်းတွေကို PDF အဖွဲ့တွေက မကြာခဏ လိုင်းကြေးဆက်ကြေး လာကောက်နေတော့ အဝင် အထွက်များလာတဲ့အပေါ် ပြည်သူတွေက စိုးရိမ်နေကြတယ်။ သူတို့ဘာသာ ဆက်ကြေးလာကောက်တယ်ဆို ပေမယ့် မလိုလားအပ်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်လာမှာကို ပြည်သူတွေက ကြောက်နေကြတယ်။ ဖြစ်နိုင် ရင် သက်ဆိုင်ရာကနေ ဒါတွေကို အမြန်ဆုံး ကြီးကြပ်ပေးစေချင်တယ်။ ဒါမှ ပြည်သူတွေလည်း စိတ်အေးလက် အေး နေနိုင်တော့မှာ” ဟု သိမ်းအင်းရပ်ကွက်‌နေသူတစ်ဦးက ဆိုသည်။

 

အဆိုပါ လောင်းကစားဝိုင်းများကို မိုးညှင်းမြို့နယ်ရှိ မြို့မရပ်ကွက်၊ အောင်သပြေရပ်ကွက်နှင့် သိမ်အင်းရပ် ကွက်တို့တွင် ဖွင့်လှစ်ထားကြောင်းနှင့် ယင်းလောင်းကစားဝိုင်းများသို့ PDF အဖွဲ့များ အပြင် KIA လက်နက် ကိုင်အဖွဲ့ဝင်များပါ နေ့စဉ် နီးပါး ဝင်ရောက်နေကြကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

 

နိုင်လူ

 

#PeopleMedia


Share this post