မိုးညှင်း၊ မလှိုင်နှင့် စေတုတ္တရာတို့တွင် PDF များ သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦး သေဆုံး
PUBLISHED - August 28, 2024
နေပြည်တော်၊ ဩဂုတ် ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာ မြို့နယ်တို့တွင် PDF အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ အချိန်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နားခါရပ်ကွက်နေ ကိုကျော်ခိုင်စိုး(ခ)ကျော်ခင်စိုး(၃၅)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ်ဖြစ်သူ ကိုဘောက်နော်(၃၇)နှစ်တို့သည် ကိုကျော်ခိုင်စိုး(ခ)ကျော်ခင်စိုး၏ နေအိမ်၌ အတူရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဂွေးညိုဝင်း ကျေးရွာနေ ဆယ်အိမ်မှူး ဖြစ်သူ ဦးဝင်းအောင် (၅၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ည ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သက်လယ် ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းရွှေ (၅၆)နှစ်သည် တစ်ရွာတည်းနေ ၎င်း၏သမီးဖြစ်သူ ဒေါ်တင်တင်ထား၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသိန်းရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
#PeopleMedia