မိုးညှင်းမြို့အဝင် နန့်စီအောင်ဂိတ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်မောင်းနှင်သူအား ဖမ်းဆီး အရေးယူ
PUBLISHED - October 18, 2019
EPN
မိုးညှင်း၊ အောက်တိုဘာ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အဝင် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများမှ တရားမဝင် စီးနင်းလာသည့် လိုင်စဉ်မဲ့မော်တော်ယာဉ်တစ်စီးကို စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ အရေးယူထား ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ(၁၅)ရက်နေ့၊ ညနေ ၄နာရီ အချိန်ခန့်တွင် မိုးညှင်းမြို့ နယ်အဝင် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ် စခန်းတာဝန်ခံရဲအုပ်ထက်ဝေလင်းနှင့် တပ်ဖွဲ့ဝင်များ၊ မိုးညှင်းမြို့ အမှတ်(၁၀၁) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ရဲအုပ်ရဲဝင်းနှင့် ပူးပေါင်းအဖွဲ့တို့သည်နယ် မြေလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေစဉ် မန္တလေးမှ မြစ်ကြီးနားဘက်သို့ ယာဉ်မောင်းအောင်မိုးကျော်ဦး မောင်းနှင်လာသော YGN-3D/5**** နံပါတ်ပါ HONDA FIT အမျိုး အစား မိုးပြာရောင်မော်တော်ယာဉ်အား တားဆီးစစ်ဆေးခဲ့ကြရာ မော်တော်ယာဉ်နှင့် ပတ်သက်သော တရားဝင် စာရွက်စာတမ်း အထောက်အထား တစုံတရာ ပြသနှိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ် ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မိုးကျော်ဦး(၂၆)နှစ်၊ (ဘ) ဦးသိန်းကျော် ကောင်းမှုလွယ် ရပ်ကွက် မူဆယ်မြို့ ရှမ်းပြည်နယ်နေထိုင် သူအား မိုးညှင်းမြို့မရဲစခန်းမှ (ပ)၂၁၃/၂၀၁၉ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုရေးဖွင့် ထားကြောင်း သိရသည်။
မင်္ဂလာဦး