မိုးညႇင္းၿမိ့နယ္ ေထြ/အုပ္ဝန္ထမ္း တစ္ဦး၌ Covid- 19 ေရာဂါပိုး ထပ္ေတြ႕

PUBLISHED - October 21, 2020
မိုးညႇင္း၊ ေအာက္တိုဘာ ၂၀(PeopleMedia)
ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အႀကီးတန္းစာေရးမတစ္ဦးျဖစ္သည့္ မ………(၃၉)ႏွစ္၌ COVID19 ေရာဂါပိုးေတြ႕ခဲ့ေၾကာင္း ကခ်င္ျပည္နယ္ က်န္းမာေရးဦးစီးဌာန၏ သတင္းထုတ္ျပန္ထားသည္။
၎သည္ တစ္႐ုံးထဲ တာဝန္ထမ္းေဆာင္သည့္ ေရာဂါပိုးေတြ႕ရွိသည့္ Case No.31474 ႏွင့္ Case No.31475 တို႔ႏွင့္ နီးကပ္ စြာေနခဲ့သျဖင့္ ေအာက္တိုဘာလ(၁၆)ရက္ေန႔တြင္ မိုးညႇင္းတကၠသိုလ္ စံပယ္ေဆာင္သို႔ပို႔ေဆာင္ကာQuarantine ဝင္ေစၿပီး ေအာက္တိုဘာလ(၁၇)ရက္ေန႔တြင္ အာေခါင္တို႔ဖတ္၊ႏွာေခါင္းတို႔ဖတ္ Swab နမူနာယူ၍ ျမစ္ႀကီးနားၿမိဳ႕ ျပည္နယ္က်န္းမာေရးဦး စီးဌာနသို႔ ပို႔ေဆာင္စစ္ေဆးခဲ့သည္။
ျပည္နယ္က်န္းမာေရးဦးစီးဌာနမွ ေအာက္တိုဘာလ(၂၀)ရက္ေန႔တြင္ မ…….. ၏ Swab နမူနာကို စစ္ေဆးခ်က္အရစစ္ေဆးခ်က္အရ COVID19ေရာဂါပိုးေတြ႕ရွိေၾကာင္းထုတ္ျပန္ခဲ့သျဖင့္ မ…….ကို မိုးညႇင္းတကၠသိုလ္ စံပယ္ေဆာင္မွ မိုးညႇင္း ခရိုင္ေဆး႐ုံႀကီး Covid- 19 ေရာဂါကုသေရးသီးသန႔္ ေဆာင္သို႔ ပို႔ေဆာင္ခဲ့ၿပီး ၎ႏွင့္အတူေန မိသားစုဝင္မ်ားႏွင့္ ေနအိမ္ကို ျပင္ပထြက္ခြါခြင့္ကန႔္သတ္ကာ Lock Down ခ်ထားသည္။
မဂၤလာဦး
#PeopleMedia #မိုးညႇင္း #COVID19
(unicode)
မိုးညှင်းမြိ့နယ် ထွေ/အုပ်ဝန်ထမ်း တစ်ဦး၌ Covid- 19 ရောဂါပိုး ထပ်တွေ့
………………………………..
မိုးညှင်း၊ အောက်တိုဘာ ၂၀(PeopleMedia)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးမတစ်ဦးဖြစ်သည့် မ………(၃၉)နှစ်၌ COVID19 ရောဂါပိုးတွေ့ခဲ့ကြောင်း ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ထားသည်။
၎င်းသည် တစ်ရုံးထဲ တာဝန်ထမ်းဆောင်သည့် ရောဂါပိုးတွေ့ရှိသည့် Case No.31474 နှင့် Case No.31475 တို့နှင့် နီးကပ် စွာနေခဲ့သဖြင့် အောက်တိုဘာလ(၁၆)ရက်နေ့တွင် မိုးညှင်းတက္ကသိုလ် စံပယ်ဆောင်သို့ပို့ဆောင်ကာQuarantine ဝင်စေပြီး အောက်တိုဘာလ(၁၇)ရက်နေ့တွင် အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ် Swab နမူနာယူ၍ မြစ်ကြီးနားမြို့ ပြည်နယ်ကျန်းမာရေးဦး စီးဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။
ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ အောက်တိုဘာလ(၂၀)ရက်နေ့တွင် မ…….. ၏ Swab နမူနာကို စစ်ဆေးချက်အရစစ်ဆေးချက်အရ COVID19ရောဂါပိုးတွေ့ရှိကြောင်းထုတ်ပြန်ခဲ့သဖြင့် မ…….ကို မိုးညှင်းတက္ကသိုလ် စံပယ်ဆောင်မှ မိုးညှင်း ခရိုင်ဆေးရုံကြီး Covid- 19 ရောဂါကုသရေးသီးသန့် ဆောင်သို့ ပို့ဆောင်ခဲ့ပြီး ၎င်းနှင့်အတူနေ မိသားစုဝင်များနှင့် နေအိမ်ကို ပြင်ပထွက်ခွါခွင့်ကန့်သတ်ကာ Lock Down ချထားသည်။
မင်္ဂလာဦး
#PeopleMedia #မိုးညှင်း #COVID19