• Follow Us on

Home မိုးပျံရထားဘူတာရုံ စက်လှေကားမှာ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးအတွက် ဝန်ထမ်းတွေ ချက်ချင်းတုံ့ပြန်ခဲ့ ကြောင်း BTS ကုမ္ပဏီပြော

မိုးပျံရထားဘူတာရုံ စက်လှေကားမှာ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးအတွက် ဝန်ထမ်းတွေ ချက်ချင်းတုံ့ပြန်ခဲ့ ကြောင်း BTS ကုမ္ပဏီပြော

Share this post

နိုင်ငံတကာ၊ မေ ၁၁

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေဟာ မိုးပျံရထားဘူတာရုံမှာ အင်္ဂါနေ့ (မေလ ၇ ရက်) နေ့က အမျိုးသမီးတစ်ဦး တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ထွက်ပေါ်လာခဲ့ပြီးနောက် ဘန်ကောက်မြို့မှာ မိုး ပျံရထားဝန်ဆောင်မှုလုပ်နေတဲ့ ကုမ္ပဏီဟာ ၎င်းတို့ရဲ့ဘေးကင်းလုံခြုံမှု အစီအစဉ်တွေအတွက် ကာကွယ်ပြော ဆိုနေရပါတယ်။

 

စက်လှေကားပေါ်မှာ အမျိုးသားတစ်ဦး မဖွယ်မရာတွေ လုပ်ပြနေတယ်လို့ လမ်းသွားလမ်းလာတစ်ဦးက ပြော လိုက်ကတည်းက လုံခြုံရေးအဖွဲ့တွေဟာ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း BTS Green Line ခေါ် ဘန် ကောက်မိုးပံျရထားလိုင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေတဲ့ BTSC (Bangkok Mass Transit System Plc) ကုမ္ပဏီရဲ့အရာရှိချုပ် ဆူမစ်ဆရီဆန်တမ်က ပြောပါတယ်။

 

မဖွယ်မရာလုပ်နေတဲ့လူရဲ့ပုံကို မနက် ၉ နာရီ ၃၈ မိနစ်မှာ CCTV မှာတွေ့ရတာဖြစ်ပြီး ၎င်းကိုမြင်ရပြီး ၃၃ စက္ကန့် အတွင်းမှာ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောဆိုရင်း BTS ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုဟာ နှေးကွေး တယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ဆူမစ်ဆရီဆန်တမ်က ပယ်ချလိုက်ပါတယ်။

 

လုံခြုံရေးဝန်ထမ်းတွေဟာ အခင်းဖြစ်ပွားရာကို ၉ နာရီ ၃၉ မိနစ်မှာရောက်ရှိသွားတဲ့အတွက် ဖြစ်စဉ်ဖြစ်ပြီး တစ် မိနစ်အတွင်း ရောက်ရှိသွားတာဖြစ်ပြီး အဲဒီ အမျိုးသားကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပေမဲ့ မြင်ကွင်းက ပြန်လည် ပျောက် ကွယ်သွားတယ်လို့ ဆိုပါတယ်။

 

၉ နာရီ ၄၀ မိနစ်မှာ အမျိုးသမီးကို တိုက်ခိုက်နေတဲ့ဆီကို လုံခြုံရေးအမျိုးသားရောက်ရှိလာပြီး ကူညီနိုင်ခဲ့ကာ ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့တယ်လို့ဆိုပါတယ်။ ပြစ်မှုကျူးလွန်တဲ့အမျိုးသားကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။

 

လုံခြုံရေးဝန်ထမ်းတွေရဲ့ဆောင်ရွက်မှုနဲ့ Green နဲ့ Gold lines မိုးပျံရထားဝန်ဆောင်မှုလုပ်ငန်းက ဘူတာရုံ ၆၀ ဝန်းကျင်တစ်ဝိုက်မှာတပ်ဆင်ထားတဲ့ CCTV ကင်မရာ ၄၅၀၀ ကြောင့် အခုလို အမြန်ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း မစ္စတာဆူမစ်က ပြောပါတယ်။

 

အသက် ၂၆ နှစ်အရွယ်ရှိ ပြစ်မှုကျူးလွန်သူအမျိုးသားဟာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း နောက်ပိုင်းမှာ ရဲ တပ်ဖွဲ့ထံ ဝန်ခံခဲ့ပါတယ်။

 

ဘူတာရုံနဲ့ မလှမ်းမကမ်းမှာအလုပ်လုပ်တဲ့ ပြစ်မှုကျူးလွန်ခံရသူအမျိုးသမီးက “အော်ဟစ်အကူအညီတောင်းခံ ခဲ့ပေမဲ့ ၎င်းကိုကူညီဖို့ တစ်ယောက်မှ ရောက်ရှိမလာကြောင်း၊ နောက်ထပ်ခရီးသည်တစ်ဦး စက်လှေကားထိပ်ကို ရောက်လာချိန်မှသာ ပြစ်မှုကျူးလွန်သူထွက်ပြေးသွားတာဖြစ်ကြောင်း” ပြောပါတယ်။

 

လက်ရှိအချိန်မှာ ၎င်းအနေနဲ့ တစ်ယောက်တည်း အပြင်ထွက်ဖို့ ကြောက်ရွံ့နေကြောင်း၊ ၎င်းအနေနဲ့ ဘန် ကောက်မြို့က မိုးပျံရထားစနစ်ကို လုံးဝအယုံအကြည်မရှိတော့ကြောင်း ပြောပါတယ်။

 

Ref: BTS says staff quick to respond to station assault

 

#PeopleMedia


Share this post