• Follow Us on
Latest News

Home မိုးမောက်မြို့တွင် လယ်တောထဲသို့သွားသည့်အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

မိုးမောက်မြို့တွင် လယ်တောထဲသို့သွားသည့်အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၈

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နမ့်တိန့်ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ အရောက်တွင် KIA/PDF များထောင်ထားသည့် မိုင်းအားနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၄ ရက် ည‌နေ ၅ နာရီအချိန် မိုးမောက်မြို့နယ် နမ့်တိန့်ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ တောင် ယာ/ လယ်တောသို့ သွားစဉ် ထိုကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာအရောက်တွင် KIA/PDF များ၏ ထောင်ထားသည့် မိုင်းအားနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုမိုင်းနင်းမိကြောင်း လုံခြုံရေးတပ်ဖွဲ့များမှ သတင်းရရှိသောကြောင့် ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသ့ို သွား ရောက်စစ်ဆေးရာ မိုင်းနင်းမိသည့် အမျိုးသားမှာ အသက် (၃၃) နှစ်အရွယ် ဦးလောကွမ်းမှာ ညာဘက်ခြေ သန်းနှင့် ညာဘက်ခြေသန်းကြွယ်တွင် မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post