• Follow Us on
Latest News

Home မိုးမောက်မြို့နယ်တွင် KIA က ဒေသခံများ၏ ရှောက်ကောစိုက်ခင်းများကို ဖျက်ဆီးပြီး မြေရှားသတ္တုတူးဖော်နေ

မိုးမောက်မြို့နယ်တွင် KIA က ဒေသခံများ၏ ရှောက်ကောစိုက်ခင်းများကို ဖျက်ဆီးပြီး မြေရှားသတ္တုတူးဖော်နေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် KIA က ဒေသခံများ၏ ရှောက်ကောစိုက်ခင်းများကို ဖျက်ဆီးပြီး မြေရှား သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။

 

မိုးမောက်- လွယ်ဂျယ်လမ်းဘေးရှိ လဂတ်တောင်တွင် ဗျင်ဝိုင်ကျေးရွာ ဒေသခံများ ရှောက်ကော စိုက်ပျိုးထား သည့် ဥယျာဉ်ခြံမြေနေရာများကို KIA က ခုတ်ထွင်ရှင်းလင်းကာ မြေရှားသတ္တု တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းနေရာတွင် မြေရှားသတ္တုတူးဖော်ခြင်း မပြုလုပ်ရန် ၂၀၂၃ ခုနှစ် မေလမှ စတင်ကာ ဒေသခံများမှ အကြိမ် ကြိမ် ကန့်ကွက်ခဲ့သဖြင့် KIA/KIO အရာရှိများမှ လုပ်ငန်းရပ်နားလိုက်ကြောင်း ကြေညာခဲ့သော်လည်း လက်ရှိ အချိန်ထိ မြေရှားသတ္တုတူးဖော်ခြင်းကို ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

 

အဆိုပါ မြေရှားသတ္တုတူးဖော်ခြင်းကို KIA က ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဗျင်ဝိုင်ကျေးရွာအနီးရှိ ပန်လျှန် (Pan Hlyan) ကျေးရွာ ဒေသခံများကိုလည်း မြေရှားသတ္ထုတူး‌ဖော်မှု ကန့် ကွက်ရေးတွင် မပါဝင်ကြရန်ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉)ရက်ကလည်း ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲရွာအနီးတွင် မြေရှားသတ္တု တူးဖော်မှုကို ကန့်ကွက်သည့် ဒေသခံများကို KIA က ဗုံးဖြင့်ဖြိုခွင်းပြီး ဒေသခံ (၅၀) ခန့်ကိုလည်း ဖမ်းဆီး ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post