• Follow Us on

Home မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားတချို့ပြိုကျ

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားတချို့ပြိုကျ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃

 

ညောင်ဦးမြို့နယ် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား တချို့ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင်း ဘုရားအမှတ် (၁၀၄၂) ဆင်က ဘုရားပြိုကျခဲ့ပြီး ငှက်ပစ်တောင်ပေါ်ရှိ ဘုရားအမှတ် (၁၆၇) စေတီကြီးဘုရားတို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြိုကျခဲ့သည့် ဘုရားနှစ်ဆူသည် လုံလောက်သည့် နေရောင်နှင့် အပူဓာတ်မရခြင်း၊ မြေသား အင်္ဂတေ၏ တွယ်ကပ်၊ တွယ်ကုပ်နိုင်မှု စွမ်းအားမရှိတော့ဘဲ သာမန် ရွံစေးမြေသာသာဖြစ်လာခြင်းနှင့် မိုးရွာတဲ့အခါ မိုးကျသည့်ဒဏ်ကို ၂၄ နာရီခန့်ခံရသည့်အခါ ဘုရားကိုယ်ထည်၊ အုတ်သားထုကိုယ်ထည်သည် မိုးရေဒဏ်ကို ထိမ်းမထားနိုင်တော့ခြင်းများကြောင့် ပြိုကျခြင်းဖြစ်ကြောင်း ရှေ့ဟောင်သုတေသန ပညာရှင်များက ပြောဆိုကြသည်။

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားစေတီ၊ ရှေးဟောင်း အဆောက်အအုံပေါင်း ၃၈၃၇ ဆူရှိပြီး၊ ၂၀၁၉ ခုနှစ်တွင် UNESCO မှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားသည်။

 

#PeopleMedia


Share this post