မိုးေကာင္း၌ ငါးမွ်ားေနသည့္ အမ်ိဳးသားတစ္ဦး ဓါတ္လိုက္ေသဆုံး

PUBLISHED - August 17, 2020
မိုးေကာင္း၊ ဩဂုတ္ ၁၅
ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ အေရွ႕ဘက္ ေတာင္ေပၚသြား လမ္းေပၚရွိ တံတားေျမာက္ဘက္တြင္ ယေန႕ညေနပိုင္းက ငါးမွ်ားေနသည့္ လူတစ္ဦး ဓါတ္လိုက္ေသဆုံးခဲ့ေၾကာင္း သိရသည္။
ယေန႕ ဩဂုတ္ (၁၅)ရက္ ညေန ၃နာရီခြဲ အခ်ိန္ခန႔္က မိုးေကာင္းၿမိဳ႕၊ ေဈးကုန္းရပ္ ေနထိုင္သူ ဦးစည္သူ (၃၂)ႏွစ္သည္ မိုးေကာင္းၿမိဳ႕အေရွ႕ဘက္ ေတာင္ေပၚသြားလမ္းအနီး ဝက္ေသာက္ေခ်ာင္းေပၚရွိ ပင္းမီအင္း တံတားေျမာက္ဘက္တြင္ သူငယ္ခ်င္းမ်ားႏွင့္ ငါးမွ်ားေနရာမွ ငါးဟပ္သျဖင့္ ငါးမွ်ားတံကို ဆြဲမရာမွ အေပၚရွိ ဓါတ္ႀကိဳးႏွင့္ ၿငိကာဓါတ္လိုက္ ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း ကနဦး သိရသည္။
ခ်ိဳေမာင္
[Unicode]
မိုးကောင်း၌ ငါးမျှားနေသည့် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး
……………………………………………………………
မိုးကောင်း၊ ဩဂုတ် ၁၅
ကချင်ပြည်နယ် မိုးကောင်းမြို့ အရှေ့ဘက် တောင်ပေါ်သွား လမ်းပေါ်ရှိ တံတားမြောက်ဘက်တွင် ယနေ့ညနေပိုင်းက ငါးမျှားနေသည့် လူတစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ် (၁၅)ရက် ညနေ ၃နာရီခွဲ အချိန်ခန့်က မိုးကောင်းမြို့၊ ဈေးကုန်းရပ် နေထိုင်သူ ဦးစည်သူ (၃၂)နှစ်သည် မိုးကောင်းမြို့အရှေ့ဘက် တောင်ပေါ်သွားလမ်းအနီး ဝက်သောက်ချောင်းပေါ်ရှိ ပင်းမီအင်း တံတားမြောက်ဘက်တွင် သူငယ်ချင်းများနှင့် ငါးမျှားနေရာမှ ငါးဟပ်သဖြင့် ငါးမျှားတံကို ဆွဲမရာမှ အပေါ်ရှိ ဓါတ်ကြိုးနှင့် ငြိကာဓါတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကနဦး သိရသည်။
ချိုမောင်