မိုးဗြဲနယ်တိုက်ပွဲများအတွင်း မိုးဗြဲ PDF အဖွဲ့ဝင် (၉) ဦး သေဆုံးခဲ့ပြီး၊ (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်

PUBLISHED - February 24, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (People Media)
မိုးဗြဲနယ်အတွင်း ဖေဖော်ဝါရီ (၁၆) ရက်နေ့မှစ၍ စတင်ထိတွေ့ခဲ့သော တိုက်ပွဲများတွင် မိုးဗြဲ PDF အဖွဲ့ဝင် (၉) ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်ထားသည်။
ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးသွားခဲ့ရသော MB PDF မှ ရဲ ဘော်များ၏ ဈာပနပွဲကို ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သံချပ်ကာ အမြှောက်ကားကို ပိတ်ဆို့ဖျက်ဆီးရန်ကြိုးစားရင်း သေဆုံးသွားခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia
(unicode)
………………………………………………………………….
#PeopleMedia