• Follow Us on
Latest News

Home မီဒီယာများအနေဖြင့် နိုင်ငံ့အရေး၊ ပြည်သူ့အရေးကို ရှေးရှုလုပ်ဆောင်ပါက လိုင်စင်များကို ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား

မီဒီယာများအနေဖြင့် နိုင်ငံ့အရေး၊ ပြည်သူ့အရေးကို ရှေးရှုလုပ်ဆောင်ပါက လိုင်စင်များကို ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ (People Media)

 

မီဒီယာများအနေဖြင့်လည်း နိုင်ငံ့အရေး၊ ပြည်သူ့အရေးကို ရှေးရှုလုပ်ဆောင်ပါက လိုင်စင်များကို ပြန်လည်ပေး အပ်သွားမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့တွင် ဂျပန်နိုင်ငံ Mainichi သတင်းစာမှ သတင်းထောက် Ms. Kana Takagi အား အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြော ဆိုခဲ့သည်။

 

“စည်းကမ်းနဲ့ ငြိစွန်းတဲ့ တချို့သတင်း မီဒီယာအေဂျင်စီတွေကို ပိတ်ပင်ခဲ့တာတွေ ရှိတယ်၊ ပြည်တွင်းမီဒီယာ အေဂျင်စီတွေကို လိုင်စင်ပြန်လည်ပေးအပ်နိုင်ဖို့မှာ ၎င်းတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုများအပေါ်မှာ မူတည်နေ တယ်၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက်ရှေးရှုပြီး သတင်းရေးသားထုတ်လွှင့်မှုများ ပြုလာရင် ၎င်းတို့ရဲ့ လိုင်စင်တွေကို ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ဖြေလျှော့ကာ မီဒီယာတွေနဲ့ လက်တွဲသွားလိုပါတယ်၊ ဒီအတွက်လည်း အားလုံးကိုဖိတ်ခေါ်ထားပါတယ်၊ မီဒီယာများအနေနဲ့လည်း နိုင်ငံ့ အရေး၊ ပြည်သူ့အရေးကို ရှေးရှုလုပ်ဆောင်ရင် လိုင်စင်တွေကို ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

စာနယ်ဇင်းကျင့်ဝတ်၊ ဥပဒေကို လေးစားလိုက်နာကြပါက မိမိတို့အနေဖြင့် ပိတ်သိမ်းစရာ အကြောင်းမရှိ ကြောင်း၊ လက်ရှိတိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေမည့် သတင်းများ၊ Hate Speech များ မပါဝင်ရန် မျှော်လင့်ကြောင်း၊ တစ်ဖက်စောင်းနင်း ဖြစ်စေမည့်သတင်းများ၊ လုပ်ကြံဖန်တီးနေသည့် သတင်းလား၊ တကယ့်အမှန် သတင်းလား သိချင်ပါက မိမိတို့နှင့်ဆက်သွယ်စေလို ပါကြောင်း၊ အမှန်တရားကို ဖော်ထုတ်ပြီး အမှန်တရားသတင်းကို ဖော်ပြစေလိုကြောင်း၊ ပြောချင်ရာပြောသည့် သတင်းများသည် အန္တရာယ်ကြီးမားကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုလည်း အထောက်အကူ မပြု ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ပိတ်ပင်တားဆီးထားခြင်း မရှိကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်လည်း ရှိသင့်ကြောင်း၊ သို့သော်စည်းမျဉ်းစည်းကမ်းကို လိုက်နာရန်နှင့် အပြန်အလှန်လေးစားလိုက်နာရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် သတင်းမီဒီယာဥပဒေကို ပြဋ္ဌာန်းထားပြီး ထိုဥပဒေ၊ ကျင့်ဝတ်အတိုင်း လေးစားလိုက်နာကြပါက ပြဿနာမရှိကြောင်း၊ သို့သော် သတင်းမီဒီယာများအနေဖြင့် ထုတ်လွှင့်သည့် သတင်းများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည့်အပြင် သတင်းအရင်းအမြစ် ခိုင်မာမှုရှိရမည်ဖြစ်ကြောင်း၊ စည်းကမ်းတကျလိုက်နာ ဆောင် ရွက်ကြမည်ဆိုပါက ပိတ်ပင်တားဆီးစရာအကြောင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

 

#PeopleMedia #ပြန်ကြားရေး

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post