• Follow Us on
Latest News

Home မီးရထားလမ်း၊ ကားလမ်းများအား မိုင်ထောင်ဖျက်ဆီးနေခြင်းသည် ပြည်သူများကို အနုနည်းဖြင့် သတ်နေခြင်း ဖြစ်သည်ဟု မြစ်ကြီးနား မြို့ခံများကဆို

မီးရထားလမ်း၊ ကားလမ်းများအား မိုင်ထောင်ဖျက်ဆီးနေခြင်းသည် ပြည်သူများကို အနုနည်းဖြင့် သတ်နေခြင်း ဖြစ်သည်ဟု မြစ်ကြီးနား မြို့ခံများကဆို

Share this post

မြစ်ကြီးနား၊ ဇူလိုင် ၂၈

 

မြစ်ကြီးနား – မန္တလေး မီးရထားလမ်းပိုင်းနှင့် ကားလမ်းပိုင်းတို့အား PDF အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲဖျက်ဆီး နေခြင်းသည် တော်လှန်ရေးလမ်းစဉ်မဟုတ်ပဲ အများပြည်သူများကို ဆင်ရဲတွင်းနက်သထပ်နက်အောင် လုပ် နေခြင်းသာဖြစ်သည်ဟု မြစ်ကြီးနား မြို့ခံပြည်သူများက ဆိုသည်။

 

လက်ရှိ အစိုးရအနေဖြင့် အခြေခံလူတန်းစားများ၏ စီးပွားရေး ကြပ်တည်းနေမှု အခြေအနေများကို ပြန်လည် ကုစားပေးသည့်အနေဖြင့် နှစ်နှစ်ကျော် ပြေးဆွဲခြင်း ရပ်နားထားသည့် မြစ်ကြီနား – မန္တလေး မီးရထားလမ်းအား ပြန်လည် ပြေးဆွဲပေးရန် ပြုလုပ်နေခြင်းကို ဖျက်လိုဖျက်ဆီး  ပြုလုပ်နေသည့်  တော်လှန်းရေးသမားများ အနေ ဖြင့် အများပြည်သူများကို စာနာငှဲ့ညှာသင့်ကြောင်း မြို့ခံတစ်ဦးက သုံးသပ်ပြောသည်။

 

“စစ်အစိုးရကို မကြိုက်တာနဲ့ အများပိုင် ပစ္စည်းတွေကို ဖျက်ဆီးနေတာဟာ ပြည်သူတွေကို အနုနည်းနဲ့ သတ် နေသလို ခံစားရတယ်။ အခုဆို နိုင်ငံရေး ပဋိပက္ခ ကြောင့် ကျောင်းမတက်ရတဲ့ ကလေးတွေ အများကြီးပဲ။ အများပြည်သူ အသုံးပြုနေတဲ့ ကားလမ်း၊ မီးရထားလမ်း၊ ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးနေလို့ စစ်အစိုးရကို နိုင်မှာလား။ စဉ်းစားဖို့လိုတယ်။ နိုင်ငံရေးအရ မဖြည့်ရှင်းပဲ ဒီလို အဖျက်အမှောက်တွေသာ လုပ်နေရင် သူတို့မကြိုက်တဲ့ စစ်အစိုးရ သက်တမ်းရှည်နေဦးမှာပဲ။ ပြည်သူအများစုကတော့ စကောထဲက ဆားဖြူသီးလို ကြာရင် လုံးပါးပါးရတော့မယ်။ ဟိုဘက်လည်း ကြောက်ရ၊ သည်ဘက်လည်း ကြောက်ရနဲ့ မလူးသာ၊ မလှည့်သာ၊ ကျီးလန့်စာစား ဘဝတွေဖြစ်နေရတယ်” ဟု ၎င်းကရှင်းပြသည်။

 

မြစ်ကြီးနား – မန္တလေး လမ်းပိုင်းရှိ ရထားသံလမ်းများနှင့် ရထားသံလမ်းတံတားများကို ယမန်နေ့က ဒေသ ကာကွယ်ရေးအဖွဲ့များဖြစ်သည့် PDF အဖွဲ့က ရွှေဘို မြို့နယ်အတွင်းရှိ ရထားလမ်းများကို မိုင်းထောင် ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

 

အဆိုပါ လုပ်ဆောင်ရခြင်းမှာ စစ်တပ်မှ ရထားလမ်းအား အသုံးပြု၍ ထောက်ပို့လုပ်ငန်းများ ပြုလုပ်လာမည်ကို စိုးရိမ်း၍ ရထားလမ်းတံတားများကို ဖျက်ဆီးရခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတို့တွင် မီဒီယာတစ်ချို့ က ရေးသားဖော်ပြထားသည်။

 

ယင်းလုပ်ရက်တို့သည် စစ်အစိုးရအား တိုက်ရိုက်ထိခိုက်မှုမရှိသော်လည်း အခြေခံလူတန်းများအတွက်  ကုန် ဈေးနှုန်းများ ကျဆင်းလာမှုနှင့် ခရီးသွားဝန်ဆောင်ခ နှုန်းထားများ သက်သာချောင်ချိရေးနှင့် ဝေးသထက် ဝေးကွာသွားကြောင်းသာ ရှိနေကြောင်း သိရသည်။

 

ပြီးခဲ့သည့် လပိုင်းအတွင်းက အများပြည်သူများ မျှော်လင့်နေသည့် မြစ်ကြီးနား – မန္တလေး ရထားများ ပြန်လည် ပြေးဆွဲရန် သက်ဆိုင်ရာအစိုးရအဖွဲ့များက ရထားလမ်းရှိ ပျက်စီးနေသည့် သံလမ်းများ၊ သံလမ်းတံတား၊ သစ် ပင်ခြုံနွယ် ရှင်းလင်းခြင်း၊ မီးရထားများ စမ်းသပ်မောင်းနှင်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

နိုင်ငံရေးပဋိပက္ခပြဿနာများ အချိန်နှင့်အမျှ ကြာမြင့်လာလေလေ အခြေခံ အောက်ခြေလူတန်းစားများ အနေ ဖြင့် အကြပ်အတည်း အခက်အခဲများနှင့်သာ နိစ္စဓူဝ ရင်ဆိုင်နေသည်ဟု ယင်းကထပ်မံပြောသည်။

 

ယင်းအပြင် တပ်မတော်နှင့် ဒေသကာကွယ်ရေးအဖွဲ့တို့ အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် အများပြည်သူ အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှုများရှိခဲ့ပြီး၊ တိုက်ပွဲများကြောင့် တောင်ယာစိုက်ပျိုးလုပ်ကိုင် နေသူများ နှောင့်နှေးခြင်း၊ စိုက်ပျိုးခွင့်မရခြင်းများကို တိုင်းနှင့် ပြည်နယ်ဒေသတို့တွင် နှစ်နှစ်ကျော် ရင်ဆိုင်တွေ့ကြုံခဲ့ရကြောင်း သိရသည်။

 

မြတ်မင်း(EPN)

 

#PeopleMedia


Share this post