• Follow Us on

Home မီးလောင်မှုကြောင့် လေဖြတ်နေသည့် အသက်(၇၀) အရွယ် ဖခင်ဖြစ်သူနှင့်အတူ မိသားစုဝင် (၃) ဦး မီးလောင် သေဆုံး

မီးလောင်မှုကြောင့် လေဖြတ်နေသည့် အသက်(၇၀) အရွယ် ဖခင်ဖြစ်သူနှင့်အတူ မိသားစုဝင် (၃) ဦး မီးလောင် သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုရွာတွင် တိုက်တစ်လုံး မီးလောင်မှုကြောင့် လေဖြတ်နေသည့် အသက် (၇၀) အရွယ် ဖခင်ဖြစ်သူနှင့်အတူ မိသားစုဝင် (၃) ဦး မီး လောင်၍ သေဆုံးသွားကြောင်း သိရသည်။

 

သြဂုတ်လ ၂၂ ရက် ည ၁၁ နာရီအချိန်တွင် တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာနေသည့် ဦးလှဝင်း၏ (၃၅) ပေနှင့် (၃၀) ပေနံကပ် (၂) ထပ်အောက်ထပ်အိပ်ခန်းအတွင်းရှိ အိပ်ယာဘေးတွင် ဖယောင်းတိုင်ထွန်း ထားရာမှ ခြင်ထောင်သို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိုမီးလောင်မှုကြောင့် လေဖြတ်နေသည့် အသက်(၇၀) နှစ်အရွယ် ဖခင်ဖြစ်သူ ဦးလှဝင်း၊ သားဖြစ်သူ ဦးရဲကျော် (၄၀) နှစ်နှင့် သမီးဖြစ်သူ ဒေါ်ဇင်သူသူဝင်း (၃၆) နှစ်တို့မှာ မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။

 

ထိုမီးလောင်သည့် နေရာသို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ အရေးပေါ်ရေသယ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ တိုင်းရုံးအဖွဲ့ဝင်များနှင့် ဒေသခံမီးသတ်တပ်ဖွဲ့မှ သွားရောက်ငြှိမ်းသတ်ခဲ့ ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့်(၃၅×၃၀)ပေ၊ နံကပ်(၂)ထပ်၊ လူနေအိမ်-၁လုံးဆုံးရှူံးမှုတန်ဖိုးငွေကျပ်(၅၂)သိန်း (၅)သောင်း၊ (၂၀×၂၀)ပေ၊ နံကပ်(၂)ထပ်၊ နေအိမ်(၁)လုံး ဆုံးရှူံးတန်ဖိုးငွေကျပ်(၁၀)သိန်း CZI ဆိုင်ကယ်(၁)စီး တန်ဖိုးငွေ ကျပ်(၅)သိန်းခန့်၊ အတွင်းပစ္စည်းတန်ဖိုးငွေကျပ် (၁၀) သိန်းစုစုပေါင်းဆုံးရှူံးမှုတန်ဖိုး ငွေကျပ်ခုနှစ်ဆယ့်ခုနှစ် သိန်းငါးသောင်းခန့်ဆုံးရှူံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post