မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ ဆိုင်ခန်းမီးလောင်မှုဖြစ်ပွား

PUBLISHED - March 18, 2022
ပုသိမ်၊ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ရွှေစေတီလမ်းရှိ Sun Mobile ဖုန်းဆိုင်၌ ယနေ့ နံနက် အစောပိုင်းတွင် မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ ဆိုင်ခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)မှ ပရ ဟိတအဖွဲ့သားများ၊ မြို့ခံပြည်သူလူထုများ၏ အချိန်နှင့် တပြေးညီ ပူးပေါင်းမီးငြှိမ်းသတ်နိုင်ခဲ့မှုကြောင့် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ရွှေစေတီလမ်း၊ ရွှေမုဌောဘုရားအနီး၊ မြို့မဈေးရှေ့ Sun Mobile ဖုန်းဆိုင်(ဆိုင်ပိတ်ထားလျက်) အတွင်း ထားရှိသော CCTV နှင့် ဆိုင်အလှဆင်ဆိုင်းဘုတ်အသုံးပြုသည့် မီးအား မြှင့်စက်၊ အင်ဗာတာတွဲလျက်တို့ လျှပ်စစ်အပူရှိန်လွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ဆိုင်ခန်းနှင့် အတွင်းပစ္စည်း စုစုပေါင်း ၃၈ သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#PeopleMedia
(unicode)
…………………………..
#PeopleMedia