PUBLISHED - December 7, 2019
Ref; BBC
(Unicode)
မုဒိန်းမှုတိုင်ကြားထားသော အမျိုးသမီး တရားရုံးသွားရာလမ်းတွင် မီးရှို့ခံရ၍ သေဆုံး
……………………………………………………………
အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့မုဒိန်းကျင့်ခံရတဲ့အတွက် အမှုဖွင့်ထားတဲ့ အမျိုးသမီးဟာ တရားရုံးမှာ စစ်ဆေးမှုခံယူဖို့ သွားရာလမ်းမှာ မီးရှို့ခံခဲ့ရပြီး ဒဏ်ရာကြောင့် သေဆုံးသွားပါတယ်။
အသက် ၂၃ နှစ်အရွယ် အဆိုပါအမျိုးသမီးဟာ ဒေလီဆေးရုံကို ရောက်ရှိချိန်မှာ ခန္ဓာကိုယ်ရဲ့ ၉၀ ရာခိုင်နှုန်း မီးလောင်ခံထားရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ သောကြာနေ့က တရားရုံးကို သွားတဲ့လမ်းမှာ မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။
သေဆုံးသွားသူဟာ အမျိုးသားနှစ်ဦးဟာ သူမကို အဓမ္မပြုကျင့်ခဲ့တယ်လို့ တရားရုံးမှာ အမှုဖွင့်ထားတာ ဖြစ်ပါ တယ်။ ]
အစိုးရရဲ့ သတင်းအချက်အလက်တွေအရ အိန္ဒိယနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း မုဒိန်းမှု ၃၃,၆၅၈ မှုဖြစ်ပွားခဲ့ပြီး နေ့စဉ် ပျမ်းမျှ မုဒိန်းမှု ၉၂ မှုဖြစ်ပွားခဲ့ပါတယ်။
Ref; BBC
#PeopleMedia #International