မုဒုံမြို့တွင် ကလေး၊ လူကြီး (၃၂) ဦး တင်ဆောင်မောင်းနှင်လာသည့် ဟိုက်ဂျက်ဘုရားဖူးယာဉ်တစ်စီး တိမ်း မှောက်ရာ အများအပြား ဒဏ်ရာရရှိ
PUBLISHED - February 1, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ မော်လမြိုင်-သံဖြူဇရပ်လမ်းမပေါ်တွင် ကလေး၊ လူကြီး (၃၂) ဦး တင်ဆောင်လာသည့် ဟိုက်ဂျက်ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်၍ တိမ်းမှောက်ရာ အများအပြား ဒဏ်ရာများ ရရှိကြောင်း သိရသည်။
ဇန်နဝါရီလ ၃၁ ရက် နေ့လည် (၁) နာရီကျော်တွင် မုဒုံမြို့၊ လက်တက်ကျေးရွာ၊ ထိုင်တော်မူဘုရားအနီးတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆတ်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသု့ိ သစ္စာပန်းခင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ မုဒုံမြို့ပေါ်ရှိ ကယ်ဆယ်ရေးအသင်းများ၊ တောင်ပိုင်းကွန်ရက်ကယ်ဆယ်ရေးအသင်းများအားချိတ်ဆက်၍ ဖြစ်စဉ်သို့ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
ထိုတိမ်းမှောက်သည့်ယာဉ်မှာ နိုင်လုံအခွန်ကျေးရွာရှိ အုတ်ဖုတ်အလုပ်သမားများကို ဟိုက်ဂျက်ယာဉ်ဖြင့် ဗျိုင်း နှစ်ကောင်ဘုရားဖူးရန်အတွက် ထိုမော်တော်ယာဉ်ဖြင့်သွားစဉ် ယာဉ်မှာဝိတ်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တိမ်းမှောက်မူကြောင့် ဒဏ်ရာရရှိသည့် ကလေး (၅) ဦးအပါအဝင် (၃၀) ကျော်ဒဏ်ရာများ ရရှိကြောင်း၊ ထိုဒဏ်ရာရရှိသူများအနက် စိုးရိမ်လူနာ (၄) ဦးကို မေတ္တာရှင်သွေးလှူရှင်အသင်းယာဉ်ဖြင့် ကမာ ဝက်ဆေးရုံသို့ကူညီပို့ဆောင်ပေးပြီး၊ ကယ်ဆယ်ရေးအဖွဲ့များမှ ကျန်ရှိလူနာများအား ရှေးဦး သူနာပြုနည်းဖြင့် ပြုစုပေးပြီး ကမာဝက်ဆေးရုံသို့ ပို့ဆောင်ပေးပြီး ထိုမှတဆင့် မုဒုံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
Photo – Credit
#PeopleMedia