• Follow Us on

Home မုဒုံမြို့တွင် ဘုန်းကြီးကျောင်းသို့ အရက်မူးပြီး အော်ဟစ်ဆဲဆိုနေသူကို ဥူးဇင်းတစ်ပါးမှ တုတ်ဖြင့်ရိုက်ရာ သေဆုံး

မုဒုံမြို့တွင် ဘုန်းကြီးကျောင်းသို့ အရက်မူးပြီး အော်ဟစ်ဆဲဆိုနေသူကို ဥူးဇင်းတစ်ပါးမှ တုတ်ဖြင့်ရိုက်ရာ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ ကလော့သော့ကျေးရွာ၊ မင်းကျောင်းဘုန်းကြီးကျောင်းသို့ အရက်မူးပြီး အော်ဟစ်ဆဲဆိုနေသူအမျိုးသားကို ဥူးဇင်းတစ်ပါးမှ တုတ်ဖြင့်ရိုက်ရာ သေဆုံးသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁ ရက် ညပိုင်းအချိန်တွင် ကလော့သောကျေးရွာ၊ ရပ်ကွက်(၄)ရှိ မင်းကျောင်းဘုန်းကြီးကျောင်းရှိ တောင်ဘက်မုဒ်ဝအနီး လမ်းဘေးအုတ်ခုံပေါ်တွင် အမျိုးသားတစ်ဦး ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရာတွင် ဒဏ်ရာရပြီး သေဆုံးသည့် အမျိုးသားမှာ အရက်မူး၍ ဘုန်းကြီးကျောင်း သို့ ထမင်းမစားရသေးကြောင်း အော်ဟစ်ဆဲဆိုသောကြောင့် အရှင်ပညာမှ သုံးပေခန့်ရှိသည့် တုတ်ပိုင်းဖြင့် သုံးချက်ရိုက်နှက်ရာတွင် ထိုအမျိုးသား သေဆုံးသွားကြောင်း ထွက်ဆိုခဲ့သည်။

 

သက်တော် (၅၂) နှစ်၊ ဝါတော် (၂၄) ရှိ အရှင်ပညာကို လူဝတ်လဲ၍ ကမာဝက်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post