မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီး
PUBLISHED - January 8, 2025
မုဒုံ၊ ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီး ခရီးသည်တင်ယာဉ်တစ်စီးနှင့် ယာဉ်တာဝန်ရှိသူများကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မုဒုံမြို့၊ ရောင်းဒေါင်းကျေးရွာ၊ မုဒုံ-သံဖြူဇရပ်လမ်းမကြီး ပေါ်တွင် ရန်ကုန်ဘက်မှ သံဖြူဇရပ်သို့ မောင်းနှင်လာသည့် မန္တလာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် တစ်ဖွဲ့မှ တားဆီးစစ်ဆေးခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
စစ်ဆေးပြီးနောက် ကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ၂၀ ကျော်ကို ကားပေါ်မှ ဆင်းခိုင်းပြီးနောက် ယာဉ်တာဝန်ရှိသူများနှင့် ခရီးသည်တင်ယာဉ်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ရာမညတိုမ်း(တိုမ်း) – သတင်းအေဂျင်စီ
Yarmanya Times
#PeopleMedia