
PUBLISHED - July 8, 2020
ရန်ကုန်၊ ဇူလိုင် – ၇
(unicode)
မိုက်ကယ်ကျော်မြင့် တောင်ဒဂုံမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ရွေးချယ်ခံမည်
……………………………………………
ရန်ကုန်၊ ဇူလိုင် – ၇
၂၀၂၀ ရွေးကောက်ပွဲ၌ မိုက်ကယ်ကျော်မြင့်သည် တောင်ဒဂုံမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ရွေးချယ်ခံမည်ဖြစ်သည်။
မိုက်ကယ်ကျော်မြင့်ဦးဆောင်သည့်ပါတီဖြစ်သော အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ လာမည့်ရွေးကောက် ပွဲ၌ တိုင်းဒေသကြီးများ၌ နေရာအပြည့်ယှဉ်ပြိုင်မည်ဖြစ်သည်။
“တောင်ဒဂုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ပြိုင်မှာပါ” လို့ မိုက်ကယ်ကျော်မြင့်ပြောသည်။
အလားတူ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်သည် အဆိုပါ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်မှုပြုလုပ်ခဲ့သည်။
သို့သော် လက်ရှိအချိန်၌ ဒေါ်ခင်ဝိုင်းကြည်သည် ရွေးကောက်ပွဲဝင်ရန် အခြားသော ပါတီကိုယ်စားပြုအဖြစ် ပြင်ဆင်လျက်ရှိသည်။
အဆိုပါ ပါတီကို အမျိုးသားရေးလှုပ်ရှားသူများ စုပေါင်း၍ ဖွဲ့စည်းထားကြောင်း ပါတီဝင်အချို့က ပြောသည်။
#PeopleMedia #မိုက်ကယ်ကျော်မြင့် #2020election