• Follow Us on
Latest News

Home မိုင်းထောင်စဉ် မိုင်းပေါက်ကွဲ၍ ရေဦး PDF အဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ပြီး အဖွဲ့ဝင်အချို့ မိုင်းစထိမှန် ဒဏ်ရာရရှိ

မိုင်းထောင်စဉ် မိုင်းပေါက်ကွဲ၍ ရေဦး PDF အဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ပြီး အဖွဲ့ဝင်အချို့ မိုင်းစထိမှန် ဒဏ်ရာရရှိ

Share this post

မုံရွာ၊ ဇန်နဝါရီ ၂၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ ရေဦး PDF အဖွဲ့ဝင်တစ်ဦးသည် လမ်းဘေးမိုင်းထောင်စဉ် မိုင်း ပေါက်ကွဲပြီး ကျဆုံးခဲ့သလို အဖွဲ့ဝင်အချို့သည် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့၌ လုံခြုံရေးအဖွဲ့၏ ယာဉ်တန်းများကို မိုင်းထောင်ဖောက်ခွဲရန် မိုင်းပြင်ဆင်နေ စဉ် မိုင်းပေါက်ကွဲ၍ ရေဦး PDF အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်အပေါ် “ယနေ့ တော်လှန်ရေးလုပ်ငန်းအတွက် ပြင်ဆင်ရင်း ကျဆုံးသွားခဲ့သည့် ရဲဘော်အတွက် များစွာဝမ်းနည်းရပါသည်” စသည့်ဖြင့် ရေဦး PDF က ရေးသားထားသည်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ဒေသခံ PDF အဖွဲ့များသည် လက်လုပ်မိုင်း၊ လက်လုပ်ဗုံး စသည်ဖြင့် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်၍ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

Photo – Credit

 

#PeopleMedia #ရေဦးPDF

 

(unicode)


………………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post