မိုးညှင်းမြို့နယ်၌ တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ KIA/PDF အဖွဲ့မှ ၈ ယောက် သေ
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2022/03/260624596_1162312291185298_6948318229228972157_n-624x416.jpg)
PUBLISHED - March 7, 2022
မိုးညှင်း၊ မတ် ၇
ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ လက်ပံတန်းကျေးရွာအနီး၌ တပ်မတော်နှင့် KIA/PDF ပူး ပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ KIA/PDF အဖွဲ့မှ ၈ ယောက်သေဆုံးခဲ့သည်။
“တပ်ယာဉ်တန်းကို KIA/PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်စဉ်မှာ နှစ်ဘက်တိုက်ပွဲဖြစ်တာ။ လက်ရှိ KIA/PDF အဖွဲ့က ၈ ယောက်သေသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ မိုးညှင်းမြို့၊ လက်ပံတန်းကျေးရွာအနီး၌ တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းက တပ်တော်ယာဉ်တန်းကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာတွင် မိုင်းသည် ယာဉ်းတန်းမလာခင် ပေါက်ကွဲခဲ့ပြီးနောက် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ဒေသများ၌ KIA/KIO အဖွဲ့သည် ဒေသခံ PDF အဖွဲ့များနှင့် ပူးပေါင်းပြီး တပ်မတော်၏ ယာဉ်တန်းများကို မိုင်ဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိသည်။
#PeopleMedia
(unicode)
………………………………
#PeopleMedia