မုံရြာတကၠသုိလ္၌ တကၠသုိလ္ဝင္ စာစစ္ေနရသည္ ဆရာ/ဆရာမမ်ားအတြက္ ပညာေရးဝန္ႀကီးဌာနမွ ေကၽြး သည့္ ထမင္းမနပ္၍ စားေသာက္ေရး အခက္ေတြ႕ေနဟုဆုိ

PUBLISHED - June 9, 2020
ရန္ကုန္၊ ဇြန္ – ၉
စစ္ကုိင္းတုိင္းေဒသႀကီး၊ မုံရြာၿမိဳ႕၊ မုံရြာတကၠသုိလ္၌ တကၠသုိလ္ဝင္ စာစစ္ေနရသည္ ဆရာ/ဆရာမမ်ားအတြက္ ပညာေရးဝန္ၾကီးဌာနမွ ေကၽြးသည့္ထမင္းမနပ္၍ စားေသာက္ေရးအခက္ေတြ႕ေနေၾကာင္း ဆရာ/ဆရာမအခ်ဳိ႕ PeopleMedia ကုိ ေျပာပါတယ္။
“စာစစ္ဆရာ/ဆရာမေတြကုိ ေကၽြးတဲ့ ထမင္းဗူးေတြက ထမင္းေတြက မနပ္ဘူး။ ဆန္ၾကမ္းတာက စားလုိ႔ရ တယ္။ ထမင္းမနပ္တာက စားရတာ အခက္အခဲရွိပါတယ္” လုိ႔ စာစစ္ဆရာမတစ္ဦးက ေျပာပါတယ္။
တကၠသုိလ္ဝင္ စာစစ္ဆရာ/ဆရာမမ်ားကုိ တစ္ရက္လွ်င္ နံနက္၊ ေန႔လည္၊ ညေန စုစုေပါင္း (၃) ႀကိမ္ ထမင္းဗူး ေထာက္ပံ့ေပးေနတာလည္း ျဖစ္ပါတယ္။
COVID-19 ေၾကာင့္ တကၠသုိလ္ဝင္အတန္းအေျဖလႊာမ်ားကုိ ဆရာ/ ဆရာမမ်ားက ဇြန္လ(၅)ရက္ေန႔မွ စတင္စစ္ေဆးေနရျခင္းျဖစ္ၿပီး စာစစ္ ဆရာ/ဆရာမမ်ားကုိ စာစစ္ခအျဖစ္ တစ္ရက္လွ်င္ (၃၀၀၀)က်ပ္ျဖင့္ ပညာေရးဝန္ႀကီးဌာနက ျပန္လည္ေထာက္ပ့ံေပးပါတယ္။
PeopleMedia #မုံရြာတကၠသုိလ္ #တကၠသုိလ္ဝင္
(unicode)
မုံရွာတက္ကသိုလ်၌ တက္ကသိုလ်ဝင် စာစစ်နေရသည် ဆရာ/ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနမှ ကျွေး သည့် ထမင်းမနပ်၍ စားသောက်ရေး အခက်တွေ့နေဟုဆို
……………………………………………………
ရန်ကုန်၊ ဇွန် – ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်၌ တက္ကသိုလ်ဝင် စာစစ်နေရသည် ဆရာ/ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနမှ ကျွေးသည့်ထမင်းမနပ်၍ စားသောက်ရေးအခက်တွေ့နေကြောင်း ဆရာ/ဆရာမအချို့ PeopleMedia ကို ပြောပါတယ်။
“စာစစ်ဆရာ/ဆရာမတွေကို ကျွေးတဲ့ ထမင်းဗူးတွေက ထမင်းတွေက မနပ်ဘူး။ ဆန်ကြမ်းတာက စားလို့ရ တယ်။ ထမင်းမနပ်တာက စားရတာ အခက်အခဲရှိပါတယ်” လို့ စာစစ်ဆရာမတစ်ဦးက ပြောပါတယ်။
တက္ကသိုလ်ဝင် စာစစ်ဆရာ/ဆရာမများကို တစ်ရက်လျှင် နံနက်၊ နေ့လည်၊ ညနေ စုစုပေါင်း (၃) ကြိမ် ထမင်းဗူး ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။
COVID-19 ကြောင့် တက္ကသိုလ်ဝင်အတန်းအဖြေလွှာများကို ဆရာ/ ဆရာမများက ဇွန်လ(၅)ရက်နေ့မှ စတင်စစ်ဆေးနေရခြင်းဖြစ်ပြီး စာစစ် ဆရာ/ဆရာမများကို စာစစ်ခအဖြစ် တစ်ရက်လျှင် (၃၀၀၀)ကျပ်ဖြင့် ပညာရေးဝန်ကြီးဌာနက ပြန်လည်ထောက်ပံ့ပေးပါတယ်။
PeopleMedia #မုံရွာတက္ကသိုလ် #တက္ကသိုလ်ဝင်