မုံရွာမြို့နယ်၊ ကျွဲရဲမြောက်ရွာအနီးရှိ တောထဲ၌ အမျိုးသားတစ်ဦး ဓါး ၁၆ ချက် ထိုးသွင်းခံရပြီး သေဆုံး

PUBLISHED - March 9, 2022
မုံရွာ၊ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျွဲရဲမြောက်ရွာ(မြောက်ဘက်)၊ တောထဲ၌ ယနေ့နံနက် ၉ နာရီခန့်က အမျိုးသားတစ်ဦးသည် ဓါး ၁၆ ချက် ထိုးသွင်းခံရပြီး သေဆုံးခဲ့သည်။
ဓားဒဏ်ရာများဖြင့် လုပ်ကြံခံရသည့် အမျိုးသားမှာ မုံရွာမြို့နယ်၊ တောင်ပလူကျေးရွာတွင် နေထိုင်သည့် အမျိုးသားဖြစ်သည်။
“ယနေ့ နံနက်ခင်းမှ ဖြစ်သွားတာ။ အသက် (၃၅) ဝန်းကျင်လောက်ရှိတယ်။ ဓားဒဏ်ရာက ၁၆ ချက်လောက်ရှိ တယ်။ ဘာကိစ္စကြောင့် ခုလိုသတ်တာလည်းတော့မသိဘူး” လို့ မြို့ရွာမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ထိုသေဆုံးသည့် အမျိုးသား၏ ဝမ်းဗိုက်၌ ဓားဒဏ်ရာ ၁၄ ချက်နှင့် ဘယ်ဘက်လက်တွင် ဓားဒဏ်ရာ ၂ ချက် စုစုပေါင်း (၁၆) ချက်ခန့်ရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia #မုံရွာမြို့
(unicode)
………………………………………
Photo – Credit