• Follow Us on

Home မုံရွာမြို့နယ်၌ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးနင်းနေချိန် ဓါးဖြင့် လုပ်ကြံခံရပြီး သေဆုံး

မုံရွာမြို့နယ်၌ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးနင်းနေချိန် ဓါးဖြင့် လုပ်ကြံခံရပြီး သေဆုံး

Share this post

မုံရွာ၊ ဒီဇင်ဘာ ၂၂ (People Media)

 

ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ ဝေဇယန္တာဘုန်းကြီးကျောင်းနှင့် ဇလုပ် အဝိုင်းကြားတွင် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်စီးနင်းနေချိန် ဓါးဖြင့် လုပ်ကြံခံရပြီး သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ မုံရွာမြို့နယ် အင်တိုင်းရွာမှ ကိုကျော်ဆန်းဆိုသူသည် ဆိုင်ကယ်စီးနင်းနေချိန်၌ ဝေဇယန္တာဘုန်းကြီး ကျောင်းနှင့် ဇလုပ်အဝိုင်းကြားအရောက်တွင် အမည်မသိလူတစ်စုမှ ဓားဖြင့်ခုတ်၍ လုပ်ကြံခဲ့ခြင်းဖြစ်သည်။

 

“လူကိုပဲသတ်သွားတာ။ ဆိုင်ကယ်နဲ့ ဦးထုတ်တော့ကျန်ခဲ့တယ်။ ဆိုင်ကယ်တော့ မယူသွားဘူး” လို့ သေဆုံးသူ ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

 

ကိုကျော်ဆန်းကို မည်သည့်အကြောင်းကြောင့် သတ်သွားသည်ကို မသိရှိရသေးဘဲ သေဆုံးသူထံ၌ သားတစ် ယောက်နှင့် သမီးတစ်ယောက်ရှိကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၁၉) ရက်နေ့ကလည်း မုံရွာမြို့၌ ဆိုင်ကယ်ဝယ်ယူမည့် အမျိုးသားမှ ဆိုင်ကယ်ရောင်းသူအမျိုး သားကို ဓားဖြင့်ထိုးသတ်ကာ ဆိုင်ကယ်ယူဆောင်သွားသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

 

Photo – Credit

 

#PeopleMedia #မုံရွာမြို့ #တရားဥပဒေစိုးမိုးရေး

 

(unicode)


……………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post