မုံရွာမြို့၊ စက်မှုဇုန် (၂) ရပ်ကွက်၌ တပ်မတော်ထောက်ခံသူတစ်ဦး အသတ်ခံရ
PUBLISHED - August 2, 2021
မုံရွာ၊ ဩဂုတ် – ၂ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စက်မှုဇုန်(၂)ရပ်ကွက်၌ တပ်မတော်ထောက်ခံသူတစ်ဦးသည် ယနေ့ နံနက်၌ အသတ်ခံခဲ့ရပါတယ်။
ယနေ့ နံနက်၌ တပ်မတော်ထောက်ခံသူဖြစ်သည့် ဦးရဲဇော်သည် ကွမ်းယာဆိုင်ထိုင်နေစဉ် လူတစ်စုမှ ဆိုင်ကယ် ဖြင့် ရောက်ရှိလာပြီး ဓါးဖြင့် ထိုးသတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ တပ်မတော်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များကို PDF အဖွဲ့ဝင်များက လုပ်ကြံသတ်ဖြတ်လျှက် ရှိနေပါတယ်။
#PeopleMedia #မုံရွာ #PDF
(unicode)
…………………………………………………