• Follow Us on

Home မုံရွာမြို့၊ ဇလုပ်ဆီဆိုင်တန်းအနီး၌ အမျိုးသားတစ်ဦးကို လက်နောက်ပြန်ကြိုးတုတ်ပြီး ဓါးဖြင့် ဂုတ်ကို ခုတ်သတ်ခံရ

မုံရွာမြို့၊ ဇလုပ်ဆီဆိုင်တန်းအနီး၌ အမျိုးသားတစ်ဦးကို လက်နောက်ပြန်ကြိုးတုတ်ပြီး ဓါးဖြင့် ဂုတ်ကို ခုတ်သတ်ခံရ

Share this post

မုံရွာ၊ စက်တင်ဘာ ၂၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်ဆီဆိုင်တန်းအနီးတွင် အမျိုးသားတစ်ဦးသည် လက်နောက်ပြန်ကြိုးတုတ်အနေအထားဖြင့် ဓါးဖြင့် ဂုတ်အား ခုတ်သတ်ခံခဲ့ရကြောင်း ဒေသခံ လူမှု ကယ်ဆယ်ရေးအဖွဲ့အစည်းများထံက သိရသည်။

 

ယနေ့နံနက်၌ ဇလုပ်ဆီဆိုင်ဘေးတွင် အမည်မသိအမျိုးသားတစ်ဦး သေဆုံးနေကြောင်း ဒေသခံတစ်ဦးက  မုံရွာမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းထံ ဆက်သွယ်အကူအညီတောင်းခံခဲ့သည်။

 

အဆိုပါ ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ရာ၌  သေဆုံးသူသည် လက်နောက်ပြန်ကြိုးတုတ်အနေ အထားဖြင့် ဓါးဖြင့် ဂုတ်ကို ခုတ်သတ်ခံရခြင်းဖြစ်တယ်လို့ ဒေသခံ လူမှုရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။

 

“မနက် ၆ နာရီလောက်က လမ်းသွားလမ်းလာတစ်ယောက်က အကြောင်းကြားတယ်။ ဇလုပ်ဆီဆိုင်တန်းနား လေးမှာ လူတစ်ယောက်လဲနေတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ ကျွန်တော်တို့ တစ်စီးလွှတ်လိုက်တယ် ဟိုလည်းရောက်ရော ဓားဒဏ်ရာတွေနဲ့သေနေတာဆိုတော့ ဒီတိုင်းမကောက်ဘဲနဲ့ ဓာတ်ပုံရိုက်ပြီးတော့ နောက်တစ်စီးလွှတ်တယ်။ သတ်ဆိုင်ရာကိုအကြောင်းကြားပြီး သူတို့က တင်တော့ဆိုမှ ကျွန်တော်တို့ သတ်ဆိုင်ရာဆေးရုံကို ပို့ပေးတယ်” လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကိုကိုမှ ပြောသည်။

 

ယခုလအတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်ထောက်ခံသူများ၊ အုပ်ချုပ်သူ များသည် လုပ်ကြံခံရမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

Photo – မြန်မာနိုင်ငံလူမူကယ်ဆယ်ရေး

 

#PeopleMedia #မုံရွာ

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 



Share this post