မုံရွာမြို့၌ ကွမ်းယာရောင်းသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံး

PUBLISHED - December 14, 2021
မုံရွာ၊ ဒီဇင်ဘာ ၁၄ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန် နယ်မြေ ၇ ရပ်ကွက်၊ သမ္မစိတ္တလမ်းရှိ ထွန်းကြီး ကွမ်းယာဆိုင်ပိုင် ရှင်သည် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသည်။
“သေဆုံးသူက ကွမ်းယာရောင်းတဲ့သူ ကိုချမ်းသာမိုး အသက် ၄၃ နှစ်ဖြစ်တယ်။ ကွမ်းယာ လာဝယ်တဲ့သူ လူငယ် ၄ ယောက်က သေနတ်နဲ့ ပစ်သတ်သွားတာ” လို့ နန္ဒဝန်ရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။
ကွမ်းယာရောင်းချသည့် အသက် ၄၃ နှစ်အရွယ် ကိုချမ်းသာမိုးသည် ကွမ်းယာ ယာပေးနေတဲ့အချိန်၌ ကွမ်း ယာဝယ်ယူသည့် သေနတ်သမားများက ဦးခေါင်း၊ ရင်အုံ စသည့်နေရာများကို လုပ်ကြံခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ မုံရွာမြို့ပေါ်တွင် ကွမ်းယာရောင်းချသူ ၃ ဦး ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံးသွားပြီဖြစ်သည်။
သွန်းသွန်း
#PeopleMedia #လုပ်ကြံခံရမှု #နမခ
(unicode)
……………………………………………………