မုံရွာမြို့၌ မိုင်းထောင်သည့် အမျိုးသားနှစ်ဦး မိုင်းကွဲပြီး သေဆုံး

PUBLISHED - November 19, 2021
မုံရွာ၊ နိုဝင်ဘာ ၁၉ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်းနှင့် မြနန္ဒာသုဿန်သွားသည့် လမ်းထောင့်၌ အမျိုးသားနှစ်ဦးသည် လက်လုပ်မိုင်းထောင်နေစဉ် မိုင်းကွဲ၍ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းအချိန်တွင် မုံရွာမြို့ရှိ ရတနာပုံရပ်ကွက်၊ သာစည်လမ်းနှင့် မြနန္ဒာသု ဿန်သွားသည့် လမ်းထောင့်တွင် ဆိုင်ကယ်တစ်စီးဖြင့် မိုင်းလာထောင်သည့် အမျိုးသားနှစ်ဦး မိုင်း ထောင်နေစဉ် ပေါက်ကွဲ၍ သေဆုံးခဲ့ကြောင်း သိရပါတယ်။
“ညကဖြစ်တာ။ အဲ့နားလေးမှာ ဈေးဆိုင်တွေ၊ စတိုးဆိုင်တွေ၊ ကားဆေးသုတ်တဲ့ဆိုင်တွေရှိတယ်။ ထိခိုက်မှု တော့ ဘာမှဖြစ်မသွားဘူး။ လာထောင်တဲ့ နှစ်ယောက်က ၂၀ ကျော် ၃၀ အတွင်းပါ။ စီးလာတဲ့ဆိုင်ကယ်လည်း ကုန်သွားတယ်” လို့ မျက်မြင်သူတစ်ဦးမှ ပြောပါတယ်။
မိုင်းပေါက်ကွဲသည့်နေရာသို့ လုံခြုံရေးအဖွဲ့များက မိုင်းစက်ဖြင့် စစ်ဆေးရာ မပေါက်ကွဲသေးသည့် မိုင်းတစ်လုံး တွေ့ရှိပြီး မိုင်းပေါက်ကွဲ၍ သေဆုံးသူနှစ်ဦးကို ဒေသခံလူမှုရေးအဖွဲ့များက မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ပါတယ်။
အလားတူ ပြီးခဲ့သည့်လက မုံရွာမြို့ တိုင်းစိုက်ပျိုးရေးရုံးအနီး၌ မိုင်းပေါက်ကွဲခဲ့ပြီး အိမ်ယာမဲ့ ကလေးငယ် နှစ်ဦးသေဆုံးခဲ့ပြီး တစ်နှစ်ကျော်ကလေးငယ် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
Photo – Credit
#PeopleMedia #မုံရွာမြို့
(unicode)
………………………………………………….
Photo – Credit