မုံရွာမြို့၌ ရဲအုပ်နှစ်ဦး လုပ်ကြံခံရပြီးနောက် ၎င်းတို့ကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်ပါ ယူဆောင် သွားခြင်းခံရ၊ အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း Sagaing Independence Army (SIA) ထုတ်ပြန်
PUBLISHED - October 26, 2021
မုံရွာ၊ အောက်တိုဘာ ၂၆ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ရဲအုပ်နှစ်ဦး လုပ်ကြံခံရပြီးနောက် ၎င်းတို့ကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ်ပါ ယူဆောင်သွားခြင်းခံရပါတယ်။
အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း Sagaing Independence Army (SIA) ထုတ်ပြန်ထား ပါတယ်။
ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်စွယ်တော်လမ်းတွင် ရဲအုပ်နှစ်ဦးကို Sagaing Independence Army (SIA) အဖွဲ့ တိုက်ခိုက်ခဲ့ပြီး ရဲအုပ်နှစ်ဦး ကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်နှစ်လက်ကိုလည်း ယူဆောင်သွားပါတယ်။
မုံရွာမြို့သည် န-မ-ခ စစ်တိုင်း အခြေစိုက်ရာမြို့တစ်ခုဖြစ်ပြီး မြို့ပေါ်၌ မကြာခဏ အုပ်ချုပ်ရေးမှူးများ၊ တပ်မ တော်သတင်းပေးဟု ယူဆခံရသူများ သတ်ဖြတ်ခြင်းခံနေရပါတယ်။
Photo – RNG
#PeopleMedia #စစ်ကိုင်း #မုံရွာ
(unicode)
………………………………………………………
Photo – RNG