မုံရွာမြို့၌ လက်ဖက်ရည်နှင့် အီကြာကွေးဝယ်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ
PUBLISHED - November 15, 2021
မုံရွာ၊ နိုဝင်ဘာ ၁၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ယနေ့ နံနက်ပိုင်းက လက်ဖက်ရည်နှင့် အီကြာကွေးဝယ်နေသည့် အမျိုးသား တစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံခံရ၍ နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
လုပ်ကြံခံခဲ့ရသည့် အမျိုးသားသည် နေ့စဉ် ဆွမ်းခံကြွသည့် ဆရာတော်တစ်ပါးကို နေ့စဉ် လက်ဖက်ရည်နှင့် အီကြာကွေး ကပ်လှူနေသူ ဖြစ်ပါတယ်။
“သူက နံနက်တိုင်း ဘုန်းကြီးတစ်ပါးကို လက်ဖက်ရည်နဲ့ အီကြာကွေး ကပ်နေတာရှိတယ်။ ဘုရာဆွမ်းတော် ကပ်နေတာရှိတယ်။ အဲ့ဒီအတွက် နေ့တိုင်းလာလာဝယ်နေတယ်လို့ ပြောတယ်” လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆရာတော်များ၊ တပ်မတော်သတင်းပေးဟုယူဆခံရသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် တိုင်းဒေသကြီး တစ်ခုလည်းဖြစ်ပါတယ်။
Photo – Sein ko ko
#PeopleMedia #မုံရွာမြို့
(unicode)
……………………………………………
Photo – Sein ko ko