မုံရွာမြို့၌ PDF အဖွဲ့နှင့် သက်ဆိုင်သည့် နေအိမ် ၄ လုံးကို သက်ဆိုင်ရာက လာရောက်ချိပ်ပိတ်သွားဟုဆို

PUBLISHED - November 22, 2021
မုံရွာ၊ နိုဝင်ဘာ ၂၂ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ PDF အဖွဲ့နှင့် သက်ဆိုင်သည့် နေအိမ် ၄ လုံးကို သက်ဆိုင်ရာက လာ ရောက်ချိပ်ပိတ်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။
လာရောက်ချိပ်ပိတ်ခံရသည့် နေအိမ်များသည် မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ ကိုမောင်ထူးပိုင်ဆိုင်သည့် နေအိမ်၊ ချမ်းမြဝတီရပ်ကွက်ရှိ ကိုအောင်ဇေယျပိုင်ဆိုင်သည့် နေအိမ်၊ အက်တောရပ်ကွက်ရှိ ရန်နောင်တိုးပိုင်ဆိုင်သည့် နေအိမ်နှင့် မင်္ဂလာကုန်းရွာရှိ ရဲထက်ငြိမ်း ပိုင်ဆိုင်သောနေအိမ်များ ဖြစ်ကြောင်း သိရပါတယ်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် လုပ်ငန်းရှင်အချို့ ပိုင်ဆိုင်သည့်လုပ်ငန်းများနှင့် နေအိမ်များ ချိပ်ပိတ်ခံခဲ့ရပါတယ်။
ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဇေယျာသော်နှင့် ပတ်သက်သည့် နေအိမ်များအဆောက်အဦးများကို တာဝန်ရှိသူများက ချိပ်ပိတ်ထားကြောင်း သိရပါတယ်။
#PeopleMedia #PDF
(unicode)
……………………………………………………..
#PeopleMedia #PDF