မုံရွာမြို့ အခြေစိုက် န-မ-ခ စစ်ဌာနချုပ်အတွင်း၌ လက်နက်တိုက်ပေါက်ကွဲမှုဖြစ်ကြောင်း သတင်းဌာနအချို့ ရေးသားနေမှုသည် သတင်းအမှားသာဖြစ်
PUBLISHED - March 12, 2022
မုံရွာ၊ မတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န-မ-ခ) အတွင်း၌ လက်နက် တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းဌာနအချို့ ရေးသားနေမှုသည် သတင်းအမှားသာဖြစ်ကြောင်း န-မ-ခ တပ်နယ်ရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သတင်းဌာနတွေက ရေးချင်သလိုရေး တင်ချင်သလိုတင်နေကြတာ။ သတင်းအမှားတွေဖြန့်တဲ့ သူတို့ အလုပ် ပါ။ အဲ့ဒီလိုဖြစ်စဉ် လုံးဝမရှိပါဘူး။” လို့ န-မ-ခ တပ်နယ်ရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ န-မ-ခ စစ်ဌာနချုပ် နယ်မြေအတွင်းရှိ နယ်မြေများ၌ လူသတ်၊ ရွာမီးရှို့များပြုလုပ်လျက်ရှိသည် PDF အဖွဲ့များကို လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့သည် ဒေသခံ PDF အဖွဲ့များ အားကောင်းလျက်ရှိနေသည်။
#PeopleMedia
(unicode)
………………………………
#PeopleMedia