မုံရွာ-စစ်ကိုင်း လမ်းမ၊ မြင်းမူမြို့အဝင်ရှိ ရွှေတောင်တိုးဂိတ် မိုင်းခွဲဖျက်ဆီးခံရ၊ မိုင်းခွဲမှုသည် ၎င်းတို့ လက်ချက် ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့များ ထုတ်ပြန်

PUBLISHED - February 2, 2022
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-စစ်ကိုင်းလမ်းမ၊ မြင်းမူမြို့အဝင်ရှိ ရွှေတောင်တိုးဂိတ်သည် ဖေဖော်ဝါရီ ၂ ရက်နေ့၊ အချိန် ၁ နာရီခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး မိုင်းခွဲမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့များ က ထုတ်ပြန်ထားပါတယ်။
မြင်းမူမြို့အဝင် တိုးဂိတ်ကို ဖောက်ခွဲဖျက်ဆီးမှုသည် ဒေသခံ PDF အဖွဲ့များဖြစ်သည့် People’s Defence Force Myinmu (MMUPDF)၊ Black Eagle Defence Force -MMU၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့၊ MyinMU Defence Force၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSO တို့က ၎င်းတို့ လက်ချက်ဖြစ် ကြောင်း ထုတ်ပြန်ထားပါတယ်။
“CCTV မှတ်တမ်းမှာက လူအင်အား ၃၀ ခန့်ရှိတယ်။ ရိုင်ဖယ် ၅ လက်ကိုင်ဆောင်ထားတယ်။ လုပ်သေနတ်က ၂၅ လက်ရှိတယ်။ အားလုံး လူ ၃၀ လောက်ရှိတယ်။ လာတာက လိုက်ထရပ်ယာဉ်နဲ့ပါ။ မိုင်းက ၆ လုံးခွဲပြီး ဖျက်ဆီးသွားတာပါ” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တိုးဂိတ်ရှိ အဆောက်အဦးများ၊ လုပ်ငန်းသုံးကွန်ပြူတာများ ပျက်ဆီးခဲ့ပါတယ်။
#PeopleMedia #မြင်းမူမြို့
(unicode)
………………………………………………………..