• Follow Us on

Home မုံရွာနှင့် မြဝတီတို့တွင် အကြမ်းဖက်များပစ်လိုက်သည့်ဗုံးနှင့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှု ကြောင့် အသက် ၆ နှစ်အရွယ်အပါအဝင် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

မုံရွာနှင့် မြဝတီတို့တွင် အကြမ်းဖက်များပစ်လိုက်သည့်ဗုံးနှင့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှု ကြောင့် အသက် ၆ နှစ်အရွယ်အပါအဝင် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဩဂုတ် ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တို့တွင် အကြမ်းဖက်များ ပစ်ခတ်လိုက် သည့် ဗုံးနှင့် လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် အသက် ၆ နှစ်အရွယ်အပါအဝင် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ် ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ယာဉ်ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှု ကြောင့် အဆိုပါရပ်ကွက်နေ ဦးထက်ဇော် (၄၅) နှစ်၏နေအိမ်ပေါ်သို့ Drop Bomb ၁ လုံးကျရောက်ပေါက်ကွဲခဲ့ ပြီး နေအိမ်အမိုးသွပ် ၁ ချပ်နှင့် နေအိမ်အတွင်းရှိ ရေခဲသေတ္တာ ၂ လုံး၊ ပလတ်စတစ်ထိုင်ခုံ ၁၅ လုံးတို့ ပျက်စီး ဆုံးရှုံးခဲ့ပြီး ဦးထက်ဇော်သားဖြစ်သူ မောင်ဘုန်းထက်မြတ် (၆) နှစ်တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေး ကုသနိုင်ရေး မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ သစ္စာ မြိုင်လမ်း၊ ကပ်ကျော်ဘုန်းကြီးကျောင်းအနီးရှိ ကွင်းပြင်သို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) က ပစ်ခတ်သည့် လက်နက်ကြီးကျည် ၁ လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါကွင်းပြင်အတွင်း ဆိတ်ကျောင်းနေသည့် အမှတ်(၃) ရပ်ကွက်နေ မောင်နေဒီယံ (၁၂)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မောင်အောင်မျိုးဦး(၁၁)နှစ်တို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post