• Follow Us on

Home မုံရွာမြို့တွင် နေအိမ်တစ်အိမ်ဓားပြတိုက်ခံရ၊ ဓားပြများမှ အိမ်ရှင်ကိုယ်ဝန်ဆောင်အမျိုးသမီးကိုပါ သတ်ဖြတ် သွား

မုံရွာမြို့တွင် နေအိမ်တစ်အိမ်ဓားပြတိုက်ခံရ၊ ဓားပြများမှ အိမ်ရှင်ကိုယ်ဝန်ဆောင်အမျိုးသမီးကိုပါ သတ်ဖြတ် သွား

Share this post

နေပြည်တော်၊ သြဂုတ် ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ဓားပြတိုက်ခံရပြီး ဓားပြတိုက်သူများမှ အိမ်ရှင်ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကိုပါ သတ်ဖြတ် သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်က မုံရွာမြို့ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်သို့ ဓားပြအဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး နေအိမ်အတွင်းရှိ အိမ်ရှင်ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးကို သတ်ဖြတ်ကာ ဖုန်း ၂ လုံးနှင့် Click ဆိုင်ကယ် ၁ စီးတို့အား လုယက်သွားကြောင်း သိရသည်။

 

အသတ်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်က မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီး၊ ယခုလအတွင်း သားဦးယောကျာၤးလေး မီးဖွားမည့်သူဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post