မုံရွာမြို့တွင် PDF စခန်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PUBLISHED - September 25, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့များ သွားရောက်ရှင်း လင်းရာ PDF စခန်း၊ လက်နက်ခဲယမ်းနှင့်အတူ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၄ ရက် နံနက် ၇ နာရီအချိန်တွင် နဂါးတွင်းကျေးရွာအနီး၌ PDF များနေသည့်နေရာသို့ လုံ ခြုံရေးတပ်ဖွဲ့များမှ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုရှင်းလင်းရာတွင် PDF များနေသည့် တဲအိမ် (၂) လုံး၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၂ ခု၊ ပွိင့် ၂၂ ကျည် ၇ တောင့်၊ ဝါယာကြိုး ၁ ခွေ၊ ယမ်းကြိုး ၁ ခွေ၊ ရီမု ၆ ခု၊ ဒီတိုနေတာ ၂၅ ချောင်း၊ ပြောက်ကျား ယူနီဖောင်း ၁၃ စုံနှင့်အတူ လည်တိုဖိနပ် ၅ ရံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia