• Follow Us on
Latest News

Home မုံရွာမြို့တွင် PDF အဖွဲ့ဝင်များမှ ဆိုင်ကယ်နှင့် ဖုန်းကို ဓားပြတိုက်လုယက်သွားပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သွား

မုံရွာမြို့တွင် PDF အဖွဲ့ဝင်များမှ ဆိုင်ကယ်နှင့် ဖုန်းကို ဓားပြတိုက်လုယက်သွားပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သွား

Share this post

နေပြည်တော်၊ သြဂုတ် ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် PDF အဖွဲ့ဝင်များမှ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးကို ဓားပြတိုက် လုယက်သွားပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ် သွားကြောင်း သိရသည်။

 

သြဂုတ်လ (၁၀) ရက် ညနေ (၃) နာရီခန့်က မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်ကြင်းလမ်းဘေးရှိ ‘ရွှေလမင်း’ ထမင်းဆိုင်နေ ကိုလမင်းထွန်းသည် မိခင်ဖြစ်သူ ဒေါ်တင်တင်မြတ် (၅၃) နှစ်နှင့် ခယ်မဖြစ်သူ ကိုယ်ဝန် (၇) လ အရွယ်ရှိ မအေးငြိမ်းသူ (၂၅) နှစ်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် (၆)ဦးသည် ပြည်ထောင်စုလမ်းမှ အင်းဖြတ်လမ်းအတိုင်း နံပါတ်မပါ ရုပ်ဆိုးအမျိုးအစား ဆိုင်ကယ် (၂) စီး၊ CZI ဆိုင်ကယ် (၁)စီးဖြင့် Mask များ တပ်ကာ ရောက်ရှိလာခဲ့သည်။

 

ယင်းနောက်တွင် PDF (၃)ဦးမှ လက်နက်ငယ် (၃)လက်အား ကိုင်ဆောင်၍ နေအိမ်တံခါးဖွင့်ပေးရန်ပြောရာ ကိုလမင်းထွန်းမှ နေအိမ်တံခါးအား ဖွင့်ပေးစဉ် စစ်ဆေးရန်ရှိကြောင်းပြောပြီး ဆိုင်အတွင်းရှိ ၃၆ယ/၆၆၁၆၆ Honda Click 125 အမျိုးအစား ကျောက်ပြာရောင် မော်တော်ဆိုင်ကယ် ၁ စီး(ကာလတန်ဖိုး – ၂၄ သိန်း ကျပ်ခန့်) အား PDF (၁) ဦးမှ တွန်းယူပြီး ကျန် (၁) ဦးသည် မအေးငြိမ်းသူထံမှ I phone 13 pro (ကာလ တန်ဖိုး -၁၈ သိန်းကျပ်ခန့်)အား ထပ်မံလုယူခဲ့ကြောင်း သိရသည်။

 

ထိုသို့ လုယူရာတွင် ကိုယ်ဝန်(၇)လ အရွယ်ရှိ မအေးငြိမ်းသူက မပေးဘဲ ပြန်လုခဲ့သဖြင့် မအေးငြိမ်းသူအား PDF တစ်ဦးမှ လက်နက်ငယ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့သောကြောင့် ဝဲနားထင် ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

၎င်းနောက်တွင် ဒေါ်တင်တင်မြတ်မှ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းသဖြင့် ဒေါ်တင်တင်မြတ် အား ထပ်မံပစ်ခတ်ခဲ့ရာ ဝဲဂျိုစောင်း ရှပ်ထိဒဏ်ရာ (၁) ချက်၊ ယာလက်ညှိုးရှပ်ထိဒဏ်ရာ (၁)ချက်တို့ ရရှိခဲ့ပြီး PDF အဖွဲ့များအနေဖြင့် ဖုန်းနှင့်ဆိုင်ကယ်အား လုယူကာ အင်းကြင်းလမ်းမှ သမ္မစိတ္တလမ်းအတိုင်း မုံရွာနယ်မြေ ရဲစခန်း၏ တောင်ဘက် ၂ မိုင် ခန့်အကွာ၊ လယ်ဇင်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။

 

ထို့နောက်တွင် အခင်းဖြစ်ပွါးသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိစစ်ဆေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ဒေါ်တင်တင်မြတ်အား လူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post