မုံရွာမြို့တွင် PDF အလောင်း (၁) လောင်းနှင့်အတူ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
PUBLISHED - January 19, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ တောပုကျေးရွာအနီးတွင် မိုင်းထောင်နေသည့် PDF တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၇ ရက် နံနက် ၉ နာရီအချိန်ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့မှ မုံရွာမြို့ရှိ ကျေးရွာတစ်ချို့ကို နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေစဉ်အတွင်း တောပုကျေးရွာအနီးတွင် မိုင်းထောင်နေသည့် PDF ကိုအသေဖမ်းပစ် ခတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်ခံရမူကြောင့် PDF လောင်း (၁) လောင်း၊ လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို ဘက္ထရီ ၁ လုံး၊ ဝါယာကြိုး ၁ ခွေ၊ မိုင်းခလုတ် ၁ ခု၊ ဖုန်း ၂ လုံး နှင့် ဘေးလွယ်အိတ်(စိမ်း) ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia