မုံရွာမြို့တွင် PDF (၁) လောင်းနှင့်အတူ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
PUBLISHED - February 27, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ ကြေးမုံကျေးရွာတွင် PDF အလောင်း(၁) လောင်းနှင့်အတူ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက် နေ့လည် ၁၁ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ကြေးမုံကျေးရွာအတွင်း၌ လုံခြုံရေး ဆောင်ရွက်နေစဉ်အတွင်း PDF များနှင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်ရာတွင် PDF အလောင်း (၁) လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ်(အရှည်) ၃ လက်၊ ၆၀မမ ဗုံးသီး ၉ လုံး၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ ၅.၅၆ မမကျည် ၅ တောင့်၊ ၇.၆၂ မမကျည် ၅ တောင့်၊ ယမ်းထုပ်(၁ပိဿာ) ၁ ထုပ်၊ အိုင်ကွန် ၁ လုံး၊ ပြောက်ကျားယူနီဖောင်း(PDF တံဆိပ်ပါ) ၇ စုံ၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ ပြောက်ကျားဘောင်းဘီ ၄ ထည်၊ ကျည်ကာဦးထုပ်(အနက်) ၈ လုံး၊ ကျည်ကာအင်္ကျီ(အနက်) ၁၀ ထည်၊ ကီးပတ်ဖုန်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေ၊ လက်လုပ်ကျည်အိမ် ၁ ခု၊ စူပါကာစတန်အမျိုးအစား(YGN-4B-3359) ၁ စီး၊ဆိုင်ကယ်မျိုးစုံ ၄ စီးတို့ကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia