• Follow Us on
Latest News

Home မုံရွာမြို့နယ်တွင် PDF ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ

မုံရွာမြို့နယ်တွင် PDF ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ၌ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် PDF ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း သိရ သည်။

 

ဖြစ်စဉ်မှာ မုံရွာမြို့နယ်၊ ညောင်ဖြူပင် ကျေးရွာနေ ဦးသန်း (၇၆) နှစ်နှင့် ဦးသက်အောင် (၄၂) နှစ်၊ မြင်သာ ကျေးရွာနေ ဒေါ်ဝင်းဝင်းအေး (၄၅) နှစ်တို့သည် ညောင်ဖြူပင်ကျေးရွာအနီးရှိ ယာခင်းသို့ တောလမ်းအတိုင်း ခြေလျင်ထွက်လာရာ လမ်း၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့်  လက်လုပ်မိုင်းအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ဦးသန်းနှင့် ဒေါ်ဝင်းဝင်းအေးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ၍ ဦးသက်အောင်မှာ မိုင်းစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post