မုံရွာမြို့နယ်တွင် PDF အလောင်း (၃) လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
PUBLISHED - June 10, 2024
နေပြည်တော်၊ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ထနောင်းတောကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် PDF အဖွဲ့ဝင် (၃) ဦး သေဆုံးသွားပြီး လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
ဇွန်လ (၁၀)ရက် နံနက် (၆)နာရီခွဲခန့်က ထနောင်းတောကျေးရွာအနီးတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မသင်္ကာစရာ ဆိုင်ကယ် (၂) စီးအား ရပ်တန့်စစ်ဆေးစဉ် မောင်းနှင်ထွက် ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် PDF အဖွဲ့ဝင် (၃)ဦး သေဆုံးသွားပြီး ၎င်းတို့နှင့်အတူ ပါလာသည့် AK သေနတ် (၁)လက်၊ AK ကျည်အိမ် (၁)ခုနှင့် AK ကျည် (၁၅)တောင့်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
#PeopleMedia