• Follow Us on

Home မုံရွာမြို့နယ်တွင် PDF အလောင်း (၆) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မုံရွာမြို့နယ်တွင် PDF အလောင်း (၆) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအနီးရှိ PDF စခန်းတစ်ခုအတွင်းမှ PDF အလောင်း (၆) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

 

စက်တင်ဘာလ (၆) ရက် နံနက် (၇) နာရီခန့်က ကြေးမုံရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

 

အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် (၆)ဦး သေဆုံးသွားပြီး ကာဘိုင် သေနတ် (၁)လက်၊ ကာဘိုင်ကျည်အိမ် (၁)ခု၊ ကာဘိုင်ကျည် (၁၀)တောင့်၊ လက်လုပ်စိန်ပြောင်း (၁၀) လက်၊ လက်လုပ် ၄၀ မမ သေနတ် (၂)လက်၊ လက်လုပ်‌ရှော့တိုက်ပြောင်း (၆)ခု၊ လက်လုပ်လက်ပစ်ဗုံး (၇၀)လုံး၊ ၁၀ ယောက်အိပ် တဲ (၃)လုံးတို့အား သိမ်းဆည်းရရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post