• Follow Us on
Latest News

Home မုံရွာမြို့နယ်၊ မအူကျေးရွာအနီး၌ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

မုံရွာမြို့နယ်၊ မအူကျေးရွာအနီး၌ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မအူကျေးရွာအနီး၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာနေ ဦးအေးလွင် (၅၃)နှစ်သည် ကျီကုန်းကျေးရွာမှ မုံရွာမြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် မအူကျေးရွာအနီး အရောက် အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားသုံးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post