• Follow Us on

Home မုံရွာမြို့ရှိ အထက်တန်းကျောင်းတွင် စာမေးပွဲ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မုံရွာမြို့ရှိ အထက်တန်းကျောင်းတွင် စာမေးပွဲ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၏ အတန်းတင်စာမေးပွဲ လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၁၉)ရက် နံနက် (၉)နာရီခန့်က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း အတန်းတင် စာမေးပွဲ ကျင်းပနေစဉ် ယင်း စာသင်ကျောင်းအနီးရှိ ခမရ (၁၆) မှ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းသို့ လုံခြုံရေးဆောင်ရွက်နေစဉ် PDF အဖွဲ့ဝင် လေးဦးသည် ဟိုက်ဂျက်ကားတစ်စီးပေါ်မှ သေနတ်အတို များ ကိုင်ဆောင်ကာ ဆင်းလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်သွားကြောင်း သိရသည်။

 

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး တစ်ဦးသည် အခင်းဖြစ်ပွါးသည့်နေရာတွင် ကျဆုံးသွားကာ အခြားတစ်ဦးသည် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိချိန်တွင် ကျဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုံရွာ PDF အဖွဲ့များဖြစ်သည့် သလ္လာဝတီ ကာကွယ်ရေးအဖွဲ့ – TLWDF နှင့် Monywa M4 အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ MA 3 သေနတ် နှစ်လက်ကို သိမ်းဆည်းရခဲ့ကြောင်း PDF အဖွဲ့ဝင်များမှ သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post