• Follow Us on
Latest News

Home မုံရွာမြို့၊ ဘုန်းစိုး အလယ်တန်းကျောင်းမှာ မိုင်းတစ်လုံးတွေ့

မုံရွာမြို့၊ ဘုန်းစိုး အလယ်တန်းကျောင်းမှာ မိုင်းတစ်လုံးတွေ့

Share this post

မုံရွာ၊ ဇွန် ၁၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ အလယ်တန်းကျောင်းခွဲမှာ ဇွန် ၁၉ ရက် ဒီကနေ့မနက်ပိုင်း ၈ နာရီ အချိန်က ကျောင်းဝန်းအတွင်း မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံး တွေ့ခဲ့ရတယ်လို့ ကျောင်းသားမိဘ တွေဆီက သိရပါတယ်။

 

ကျောင်းသားမိဘတယောက်က ” ဒီမနက် ကလေးကိုကျောင်းသွားပို့တဲ့အချိန် ကျောင်းဝန်းထဲမှာ မပေါက်ကွဲ သေးတဲ့ မိုင်းတစ်လုံး တွေ့ရတာကြောင့် လုံခြုံရေးအဖွဲ့တွေက သက်မဲ့လုပ်ပြီး ရှင်းလင်းဖယ်ရှားနေတာ တွေ့ ရတယ်၊ ထိခိုက်ပျက်စီးနာတော့ မရှိဘူး” လို့ ပြောပါတယ်။

 

စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘုန်းစိုး အလယ်တန်းကျောင်းခွဲမှာ ပညာသင်ယူနေတဲ့ ကျောင်းသားကျောင်းသူ ငါးရာဝန်းကျင်ရှိတယ်၊ ကလေးတွေ ပညာသင်းကြားမှုကို ထိခိုက်စေရန် ရည်ရွယ်ပြီး ဒီမနက်ပိုင်းက ကျောင်းဝန်းထဲကို လက်လုပ်မိုင်းတစ်လုံး လာရောက်ပစ်ချတယ်” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာမှာရှိတဲ့ စာသင်းကျောင်းကိုလည်း ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ဒရုန်းဗုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ကိုတိုး

 

#PeopleMedia


Share this post