• Follow Us on
Latest News

Home မုံရွာမြို့၊ အမြှောက်တပ်မှ ရဲမေ နှစ်ဦးကို PDF က အမြှောက်တပ်အနီး၌ ဖမ်းဆီးခေါ်ဆောင်သွား

မုံရွာမြို့၊ အမြှောက်တပ်မှ ရဲမေ နှစ်ဦးကို PDF က အမြှောက်တပ်အနီး၌ ဖမ်းဆီးခေါ်ဆောင်သွား

Share this post

မုံရွာ၊ ဒီဇင်ဘာ ၆ (11:55 AM)

 

နိုဝင်ဘာ ၂၉ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမြှောက်တပ်မှ ရဲမေနှစ်ဦးသည် မုံရွာ မြို့သို့ ဈေးဝယ်ပြီး အပြန်လမ်း၌ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။

 

“သားဖွားဆရာမရဲ့ အမျိုးသားက တပ်မတော်သားဟောင်းပါ။ သူက လိုက်ပို့တာ။ အမြှောက်တပ်နဲ့ မုံရွာဈေးက ၆ မိုင်လောက်ပဲဝေးတယ်။ သူတို့က ဈေးကနေ အမြှောက်တပ်ကို အပြန် အဖမ်းခံရတာ။ အမြှောက်တပ်နဲ့ PDF တွေ ဖမ်းသွားတဲ့နေရာက လှမ်းကြည့်ရင် မြင်ရတယ်။ ယာဉ်မောင်းဖြစ်တဲ့ တပ်မတော်သားဟောင်းကို သတ် သွားတယ်။ ကားကော ကုန်တွေကို ယူသွားတယ်” လို့ သိရပါတယ်။

 

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့အထိ PDF အဖွဲ့များ ဖမ်းဆီးသွားတဲ့ ရဲမေ နှစ်ဦးကို နယ်မြေခံတပ်က ရှာဖွေနိုင်ခြင်း မရှိသေးပါဘူး။

 

#PeopleMedia


Share this post