• Follow Us on
Latest News

Home မုံရွာမြို့ စီးပွါးရေးတက္ကသိုလ်မှ ဆရာမတစ်ဦးကို PDF တွေ ပြန်ပေးဆွဲသွား

မုံရွာမြို့ စီးပွါးရေးတက္ကသိုလ်မှ ဆရာမတစ်ဦးကို PDF တွေ ပြန်ပေးဆွဲသွား

Share this post

နေပြည်တော်၊ ဇွန် ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စီးပွါးရေးတက္ကသိုလ် (ဒေသအခေါ် ECO ကျောင်း)မှ ဆရာမတစ်ဦးကို PDF အဖွဲ့ဝင်များမှ ပြန်ပေးဆွဲခေါ်ဆောင်သွားကြောင်း သိရသည်။

 

ဇွန်လ (၁၉)ရက် ညနေ (၄)နာရီခွဲခန့်က မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားအနီးတွင် နေထိုင်သည့် ဆရာမ ဒေါ်ကြူကြူသင်းကို PDF အဖွဲ့ဝင်များမှ လာရောက်ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

 

“မနေ့က (၄)နာရီခွဲလောက်ကပေါ့။ PDF တွေက ဆိုင်ကယ် (၄)စီးနဲ့လာတာ။ အသက် (၂၀)အရွယ်လောက် ကောင်မလေး (၃)ယောက်ပါတယ်။ ယောင်္ကျားလေးက (၅)ယောက်ပေါ့။ ဆရာမကြီးအိမ်ကို လာပြီး ခေါ်သွား တာ။  ကောင်မလေးတစ်ယောက်က ရှေ့ကမောင်းတယ် ဆရာမကို ကြားထဲက တင်ပြီး နောက်က ကောင်မ လေးတစ်ယောက်က ခွထိုင်ပြီး ခေါ်သွားတာ” ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

 

#PeopleMedia


Share this post