မုံရွာ နည်းပညာတက္ကသိုလ်အား PDF (၅) ဦးက လက်လုပ်အာပီဂျီများ၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်
PUBLISHED - July 20, 2023
နေပြည်တော်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်(မုံရွာ) ကျောင်း ပေါက်ဝကို PDF အဖွဲ့ဝင် (၅) ဦးက လက်လုပ်အာပီဂျီများ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ (၁၉) ရက် နံနက် (၁၁) နာရီ (၄၀) မိနစ်ခန့်က PDF အဖွဲ့ဝင် (၅) ဦးသည် နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းပေါက်ဝကို လက်လုပ်အာပီဂျီဖြင့် (၂) ချက်၊ လက်နက်ငယ် အတွဲလိုက် အချက် (၂၀) ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်စဉ်တွင် ကျောင်းပေါက်ဝ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF အဖွဲ့ဝင်များသည် မြောက်အရပ်ရှိ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဘက်သို့ ထွက် ပြေးသွားခဲ့ကြောင်း သိရသည်။
PDF အဖွဲ့ဝင်များ၏ ပစ်ခတ်ခဲ့မှုကြောင့် နည်းပညာတက္ကသိုလ် ကျောင်းရှေ့မျက်နှာစာ လှေကားအား အာပီဂျီ ထိမှန်ခဲ့သော်လည်း လူထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။
နည်းပညာတက္ကသိုလ် (မုံရွာ) အား ဇွန်လ ၁ ရက်နေ့တွင် စတင်၍ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည်။
#PeopleMedia