မုံရွာမြို့နယ်တွင် အမျိုးသား (၁) ဦး ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - March 1, 2023
နေပြည်တော်၊ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ လယ်တီတိုက်သစ်ဘုန်းကြီးကျောင်းရှေ့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က အမျိုးသား (၁) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်နေ ဦးသန်းနိုင် (၄၉) နှစ်သည် ယာဉ်အငှားမောင်းနှင်ရန် နေအိမ်မှ လမ်း လျှောက်လာရာလမ်း၌ လယ်တီတိုက်သစ်ဘုန်းကြီးကျောင်းရှေ့တွင် PDF မှ သေနတ်ပစ်ခတ်ခံရ၍ နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးခဲ့ပြီး၊ အခင်းဖြစ်ရာနေရာ၌လည်း တရားခံ၏ ပစ္စည်းများဟု ယူ ဆရသည့် လက်လုပ်သေနတ်အတို ၁ လက်၊ ပွိုင့် ၂၂ ကျည် ၃ တောင့်၊ BA-109 လက်ပစ်ဗုံး ၁ လုံးတို့အား တွေ့ရှိခဲ့၍ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia
(unicode)
……………………………………
#PeopleMedia